ဒိန်ချဉ်ရဲ့ အံ့အားသင့်ဖွယ်အစွမ်းများ


၁) သွားတွေကိုလှပစေပါတယ်
ကော်ဖီကိုနေ့တိုင်းသောက်ဖြစ်တယ်ဆိုတာကျွန်တော်တစ်ယောက်တည်းဖြစ်မှာမဟုတ်ပါဘူး။
ဒိန်ချဉ်မှာတော့ သကြားပါပေမယ့် အန္တရာယ်ဖြစ်စေတဲ့ဓာတ်တွေမပါလို့ အဆင်ပြေပါတယ်။
lactic acid က သွားဖုံးတွေကိုကာကွယ်ပေးပြီး သွားတွေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
၂) ဓာတ်မတည့်မှုနည်းစေပါတယ်
ရာသီဥတုကြောင့် ဓာတ်မတည့်မှုဖြစ်ပွားခြင်းကို စိန်ခေါ်နိုင်ပါတယ်။
ဒိန်ချဉ်မှာပါတဲ့ probiotics တွေက သင့်ခန္ဓာကိုယ်မှာ ပန်းဝတ်မှုံတွေနဲ့ အခြားသော
ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အညစ်အကြေးတွေ၊ ပိုးမွှားတွေရဲ့တုံ့ပြန်မှုကို လျော့ကျစေပါတယ်။
၃) အဆာပြေ၊ အပျင်းပြေစားသုံးနိုင်ပါတယ်

ဒိန်ချဉ်မှာပါဝင်တဲ့ carbohydrates တွေက သင့်ကို လှုပ်ရှားမှုတွေပြုလုပ်ပြီးတဲ့အခါ
စွမ်းအင်အဖြစ် ဒါမှမဟုတ် စွမ်းအင်ကိုပြန်လည်အစားထိုးပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်နဲ့
ဆိုဒီယမ်တွေက သင်ချွေးထွက်နေစဉ်မှာ ကုန်ခမ်းသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
၄) ဖျားနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်
ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ဖျားနာခြင်းကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။
ဒိန်ချဉ်ရဲ့အကျိုးအာနိသင်တစ်မျိုးကတော့ သင့်ကို ခုခံအားကောင်းစေတာပဲဖြစ်ပါတယ်။
ဒိန်ချဉ်က ကူးစက်မှုတွေကို တိုက်ဖျက်နိုင်ပါတယ်။ ပိုသန်မာစေပြီး ပိုတက်ကြွစေပါတယ်။
၅) yeast မှိုကူးစက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်
ဒိန်ချဉ်စားခြင်းက yeast မှိုကူးစက်ခြင်းကြောင့် မသက်မသာခံစားနေရတာတွေ၊
နာကျင်မှုတွေကို ကာကွယ်ပေးနိုင်ပြီး pH levels ကိုလည်း မျှတစေပါတယ်။
၆) သွေးဖိအားများခြင်းကို လျော့ကျစေပါတယ်
လူနာ ၂၀၀၀ကျော်ကို လေ့လာချက်အရ ဒိန်ချဉ်က သွေးဖိအားမြင့်မားခြင်းကို
လျော့နည်းစေတာကို တွေ့ရပါတယ်။
၇) အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်

နို့ထွက်ပစ္စည်းတွေက ကယ်လဆီယမ် ပါဝင်မှုကြောင့် အရိုးကျန်းမာစေပါတယ်။
ဗီတာမင်ဒီပါဝင်တာကြောင့်လည်း ပိုပြီးကျန်းမာစေပါတယ် ။
၈) စွမ်းအင်တိုးစေပါတယ်
carbohydrates ကြောင့်စွမ်းအင်တိုးစေပြီး ဗီတာမင်ဘီပါဝင်တာကြောင့်လည်း
ကျန်းမာရေးအတွက်ပိုကောင်းစေပါတယ်။
၉) ကြွက်သားတွေသန်မာစေပါတယ်
မရှိမဖြစ်လိုအပ်တဲ့ amino acidsတွေပါဝင်တာကြောင့် ကြွက်သားတွေသန်မာစေပါတယ်။
၁၀) ဝိတ်ကျဖို့ကူညီပေးပါတယ်
အဆီတွေကိုလောင်ကျွမ်းဖို့ကူညီပေးနိုင်ပါတယ်။ လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ
စွမ်းအင်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုကြောင့်
အချိန်အတန်ကြာအောင် ပြည့်အင့်နေစေပါတယ်။
Credit to  Bawa 101

Comments