သေးသေးလေးကနေ စ


“အောင်မြင်ချင်တယ်... ဘာလုပ်ရမလဲ??”
အောင်မြင်ချင်တယ်ဆိုရင် အကြီးကြီးတွေ အရင်မလုပ်နဲ့ဦး။ . အောင်မြင်ချင်တယ်ဆိုရင်
သေးသေးလေးတွေကနေ အရင်စ။ . မနက်ကို နေဖင်ထိုးတဲ့အထိ အိပ်မှာလား။
စောစောထပြီး လုပ်ရမယ့်အလုပ်တွေ လုပ်မှာလား ဆိုတဲ့ ဆုံးဖြတ်ချက်သေးသေးလေးကစ။
တစ်နေကုန် ရုပ်ရှင်တွေကြည့်မှာလား။ ကိုယ့်ကို အကျိုးရှိစေမယ့် ဟောပြောပွဲတွေ၊
အောင်မြင်ရေးဆွေးနွေးပွဲတွေကို လေ့လာမှာလားဆိုတဲ့ ဆုံးဖြတ်ချက်သေးသေးလေးကစ။
ပိုက်ဆံ ငါးထောင်ကို ဖုန်းဘေထည့်ပြီး ဖုန်းပြော၊ ဂိမ်းဆော့ပစ်မှာလား။
စာအုပ်တစ်အုပ်ဝယ်ဖြစ်မှာလားဆိုတဲ့ ဆုံးဖြတ်ချက်သေးသေးလေးကစ။

တကယ်အောင်မြင်ချင်တယ်ဆိုရင် “အောင်မြင်ချင်ပါတယ်” လို့ ထိုင်အော်နေမယ့်အစား
အဲဒီ့လို သေးသေးလေးတွေကနေစ။ အဲဒီ့ အသေးစားအလေ့အကျင့်လေးတွေကနေတစ်ဆင့်
အကြီးစားအောင်မြင်မှုတွေကိုရဖို့ အကြီးစားအလေ့အကျင့်တွေ ဘာလုပ်ရမလဲဆိုတာ
ဘယ်သူမှလာမပြောဘဲ ကိုယ့်ဘာသာ သဘောပေါက်လာလိမ့်မယ်။ .
ဘယ်တော့မှ မမေ့ဖို့ကတော့ ကိုယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်မှာ
တစ်စုံတစ်ယောက်က အလုပ်လုပ်နေလိမ့်မယ်။
ကိုယ် လွန်လွန်ကြူးကြူး ပျော်မြူးနေတဲ့အချိန်မှာ တစ်စုံတစ်ယောက်က အနာဂတ်တွေကို
တည်ဆောက်နေလိမ့်မယ်။
ပြီးတော့မှ လောကကြီးက မတရားပါဘူးဆိုပြီး အပြစ်မပြောနဲ့။ လူတိုင်းဟာ
ကိုယ်စီပိုင်တဲ့ ၂၄ နာရီကို ဘယ်လိုအသုံးချမလဲဆိုတဲ့ အသေးစားဆုံးဖြတ်ချက်တွေကနေပဲ
ဘဝတွေ ကွာခြားသွားတာ။ ဘယ်သူမှ ၂၄ နာရီထက် ပိုမပိုင်ဆိုင်ပါဘူး
Credit#

Comments