- Get link
- X
- Other Apps

`ငွေ´ကုသိုလ်ပြုလို့ရနိုင်တာလည်း ငွေ အကုသိုလ်ဖြစ်အောင်ဖန်တီးနိူင်တာလည်း ငွေပါ
တစ်ခဏ တစ်ဘဝ ချမ်းသာဖို့အတွက် သံသရာတစ်လျှောက်လုံးဆင်းရဲဒုက္ခ ပေးနိူင်တဲ့အရာတွေအတွက်
သာယာမှုနောက်လိုက်ပြီး တကယ်ချမ်းသာစေမယ်ထင်ပြီး မကောင်းမှုတွေနဲ့ ငွေ မရှာလိုက်ပါနဲ့နော်
လောကကြီးမှာ ကုသိုလ်အလုပ်နဲ့ အကုသိုလ်အလုပ်နှစ်ခုပဲရှိပါတယ်
မလုပ်ခင်သေချာ စဉ်းစားပါ မျက်တောင်မွှေးတဆုံးလောက်မကြည့်ပါနဲ့
ဘဝအဆုံးအထိကိုယ်ကြည့်ပါ ငွေဟာ ကိုယ့်အတွက် မိတ်ဆွေ ဖြစ်နိူင်သလို
ရန်သူလည်းဖြစ်နိူင်ပါတယ် အသိဉာဏ်နဲ့ မှန်ကန်ရိုးသားစွာ ငွေကိုရှာပါ
ငွေက ကိုယ့်ကို နိူင်တဲ့သူမဖြစ်ပါစေနဲ့ ကိုယ်ကပဲ ငွေကိုယ်နိူင်တဲ့သူဖြစ်ပါစေ
လောကမှာ ငွေကြောင့်ဘဝတွေ ရှင်သန်ခွင့့် ရကြတယ် ငွေကြောင့်ဘဝတွေသေ အသက်တွေသေခဲ့ကြရတယ်
အဓိက ကတော့... ကိုယ့်ရဲ့လောဘကြောင့်ဖြစ်ရတာပါ လောဘကြောင့် မဖြစ်သင့်တဲ့ အမှားတွေဖြစ်ကြရတာပါ
ရိုးသားတဲ့စိတ်နဲ့သာ ငွေကိုသန့်ရှင်းစွာရှာပါ ကုသိုလ်စိတ်နဲ့ ရှာပါ
ကိုယ့်ရဲ့ ရိုးသားတဲ့စိတ် ကုသိုလ်စိတ်က ကောင်းကျိုးချမ်းသာပေးပါလိမ့်မယ် သံသရာခရီးတစ်လျှောက်လုံးပါ
တကယ်တော့ ကိုယ့်ရဲ့ လောဘ ဒေါသ မောဟ စိတ်တွေကိုယ်မထိန်းနိူင်လို့သာ ဒုက္ခတွေရောက်ကြရကြတာပါ
တခြားသူတွေကြောင့်မဟုတ်ပါဘူး အသိစိတ်ကလေးနဲ့ သတိလေးထားပြီး သေချာစဉ်းစားဆင်ခြင်ကြည့်လိုက်ပါ
အမှားအမှန်ကိုယ်ဝေခွဲတတ်ပြီး ကောင်းသောစိတ်ထားတွေနဲ့ ရိုးသားစွာ ငွေကိုယ် ရှာတတ် သုံးတတ်လာပါလိမ့်မယ်
လျှောက်လှမ်းနေကြရတဲ့ ဘဝတွေ ချမ်းသာစစ်ကိုယ်ရရှိကြပါစေ
Credit - Moe Thar Phyu
Comments
Post a Comment