သတိရပါ


သင်တက္ကသိုလ်ရောက်တဲ့အခါ ဒါတွေကိုသတိရပါ
ဆံပင်တွေမလိုအပ်ပဲဖြောင့်ချင်တဲ့အခါ အလုပ်တွေမအားလို့ ခေါင်းတောင်မဖြီးနိုင်ရှာတဲ့
အိမ်က"အမေ"ကိုသတိရပါ••••
သူငယ်ချင်းတွေနဲ့ ဘီယာသောက်မဲ့အခါ ငွေကိုချွေတာနေရလို့ လဖက်ရည်တောင်
ပုံမှန်မသောက်ဖြစ်တော့တဲ့ အိမ်က"အဖေ"ကိုသတိရပါ•••
အပြင်တွေလျှောက်လည်ချင်တဲ့အခါ အခုထိအိမ်မှာကိုးကွယ်တဲ့ဘုရားကလွဲပြီး
ဘယ်တန်ခိုးကြီးဘုရားမှမရောက်ဖူးသေးတဲ့ အိမ်က"အဖေ"နဲ့"အမေ"ကိုသတိရပါ•••
ရည်းစားထားချင်လာတဲ့အခါ "အဖေ"နဲ့"အမေ"စိတ်ချမယ်နော်လို့မှာလိုက်တဲ့
အိမ်ကစကားကို သတိရပါ•••
ငွေကုန်မယ့်အပေါက်တွေတွေ့တဲ့အခါ ဒီငွေလေးရဖို့နွားနဲ့အတူရုန်းပြီးစုခဲ့ရတဲ့
အိမ်က"အဖေ"ကိုသတိရပါ•••
ကိုယ့်မြို့ ကိုနယ်မဟုတ်လို့ကဲလိုက်မယ်လို့တွေးမိတဲ့အခါ ကိုယ့်ကို
ကိုယ်မြန်မာမိန်ကလေးတစ်ယောက်ဖြစ်တယ်ဆိုတာ သတိရပါ•••
သင်တက္ကသိုလ်ရောက်တဲ့အခါ တဒင်္ဂပျော်ရွှင်မှုတွေထက် သင့်ကိုဘွဲ့ရပညာ
တတ်ကြီးဖြစ်စေချင်နေသော ရွှာက"အဖေ"နဲ့"အမေ"ကိုသတိရပါ•••
မေတ္တာများစွာဖြင့်
ဆရာဇော်လင်းဦး
Credit#

Comments