ရှက်တတ်ရင် ဒီစာကို ဆက်မဖတ်နဲ့...


အနောက်နိုင်ငံတွေက Facebook ဆိုတာကို ထွင်ပေးလိုက်တယ် ဖုန်းဆိုတာကို ထွင်ပေးလိုက်တယ်...
ဒါပေမဲ့ သူတို့ဆီမှာ ဒီနေ့အထိ စာအုပ်ဆိုင်တွေ ရောင်းကောင်းတုန်းပဲ စာအုပ်စာပေကို
ဖတ်ကောင်းတုန်းပဲ စာအုပ်တိုက်တွေ အလုပ်ဖြစ်တုန်းပဲ စာရေးဆရာတွေ အောင်မြင်တုန်းပဲ...
ကိုယ်တွေဆီမှာတော့ စာအုပ်ဆိုင်ဆိုတာ အငြိမ်းစားနဲ့ နိုင်ငံခြားသားလောက်လာကြတယ်
စာကြည့်တိုက်ဆိုတာ သရဲခြောက်မှာတောင်ကြောက်ရတယ် ရပ်ကွက်ထဲက
စာအုပ်အငှားဆိုင်လေးတွေ ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တယ် စာပေထုတ်ဝေရေးတွေ
တွက်ခြေမကိုက်လို့ ပိတ်သိမ်းကုန်ကြတယ် စာရေးဆရာတွေမှာ နာမည်သာရှိတယ်
ချမ်းသာဖို့ဝေးစွ ချောင်လည်ဖို့တောင် အနိုင်နိုင်...
တချို့သော လူငယ်ဆိုသူတွေကိုကြည့်လိုက်ပါ တစ်နေ့တစ်နေ့ ဖုန်းကို လက်ညှိုးနဲ့ ပွတ်လိုက်
လက်မနဲ့ဖိလိုက်၊ ပွတ်ဆွဲလိုက်၊ နှိပ်ထည့်လိုက် အလုပ်မှာလည်း ဒါပဲ စာသင်ခန်းထဲလည်း ဒါပဲ
ဘတ်စ်ကားပေါ်လည်း ဒါပဲ အိပ်ယာပေါ်လည်း ဒါပဲ ချေးပါလည်း ဒါပဲ သေးပေါက်လည်း
ဒါပဲ မိုးလင်းလည်း ဒါပဲ မိုးချုပ်လည်း ဒါပဲ...
အတိုင်းအဆ မရှိ သတ်မှတ်ချက် မရှိ ကန့်သတ်ချက် မရှိ ဒါပဲ လုပ်နေကြတော့တာ...
ဒါကြီးကြည့်ပြီး ပြုံးလိုက် ဒါကြီးကြည့်ပြီး ရယ်လိုက် မဲ့လိုက်၊ ဆဲလိုက် ဟင်ကနဲဖြစ်သွားလိုက်
ဟာကနဲဖြစ်သွားလိုက် ဘုရားတလိုက် နဖူးရိုက်လိုက်နဲ့...
အွန်လိုင်းသုံးပြီး စာဖတ်တယ် အကျိုးရှိတာ လေ့လာတယ်ဆိုသူတွေက တော်တော့ကိုရှားလာပါတယ်...
မြန်မာသက္ကရာဇ်မသိ မြန်မာဒုသမ္မတမသိ မြန်မာ့လူဦးရေမသိ ဒီလောက်အခြေခံတောင် မသိမှတော့ သေချာတယ်...
သိပ္ပံမောင်ဝ မသိ
မင်းသုဝဏ် မသိ
ရွှေဥဒေါင်း မသိ
တက္ကသိုလ်ဘုန်းနိုင် မသိ
မြသန်းတင့် မသိ
ဇော်ဂျီ မသိ
ချစ်ဦးညို မသိ
အောင်သင်း မသိ
မင်းလူ မသိ
နီကိုရဲ မသိ
အီကြာကွေး မသိ
ဆင်ဖြူကျွန်းအောင်သိန်း မသိ...
အမေရိကန်ပြည်တွင်းစစ် မသိ စစ်အေးတိုက်ပွဲ မသိ
အာရပ်နွေဦး မသိ ပင်လယ်ကွေ့စစ်ပွဲ မသိ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ မသိ...
ငါးရာ့ငါးဆယ် မသိ သုံးဆယ့်ရှစ်ဖြာ မသိ မဟာဗုဒ္ဓဝင် မသိ ဇာတ်ကြီးဆယ်ဘွဲ့ မသိ...
ASEAN မသိ
UNDP မသိ
UNICEF မသိ
NATO မသိ
OPEC မသိ
G 20 မသိ
UNDP မသိ...
ဘယ်သိမလဲဗျာ စာမှမဖတ်ကြတော့တာ ပြောပြန်ရင်လည်း ပြောတဲ့သူ အလွန် ဉာဏ်ပညာနဲ့
နှလုံးသားစွမ်းရည်ဆိုတာ တက္ကသိုလ်တက်ရုံ ဘွဲ့ရရုံ တစ်နှစ် တစ်တန်းအောင်ရုံနဲ့ မရဘူးဗျ စာအုပ်စာပေပါ ဖတ်မှရတာ...
ဟိုဟာမေးလည်း မသိ ဒီဟာမေးလည်း မသိဆိုမှတော့ သေချာတယ် သူတို့ဟာ မှန်သလား
မှားသလား မသိ တရားသလား မတရားသလား မသိ သာသလား နာသလား မသိ ထူသလား
ပါးသလား မသိ ချိုသလား ခါးသလား မသိ သင့်သလား မသင့်သလား မသိ တော်သလား
ညံ့သလား မသိ မသိ မသိ မသိ ဘာဆိုဘာမှ မသိ...
အင်းးး ဒီလောက်တောင် မသိမှတော့ ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီခရီးကို ဘယ်လိုလုပ်ပြီး
ဆက်ကြမလဲဆိုတာ ကိုယ်တွေလည်း မသိ ငတ်ကြ...
Credit to Wai Phyo

Comments