- Get link
- X
- Other Apps
ကလေးမွေးပြီဆိုရင် မိဘဖြစ်လာတော့တာပဲ။ ဒါပေမဲ့ သားသမီးကို အထောက်အကူ ဖြစ်စေတဲ့ မိဘများဖြစ်ဖို့ များများလေ့လာသင်ယူဖို့လိုပါတယ်။ သားသမီးများကို ဘယ်လိုဆိုဆုံးမရင် အထိရောက်ဆုံးလဲ။ ဘယ်လိုစကားတွေက ပိုအကျိုးရှိတာလဲ။ လေ့လာကြည့်ရအောင်။
၁။ မေမေ မစဉ်းစားမိတာတောင် သားကစဉ်းစားမိပြီ။
၂ ။ ရဲရဲလုပ်၊ သတ္တိရှိရှိလုပ်၊ မှားရင်ကိစ္စမရှိဘူး၊ အရေးကြီးတာ သားက အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးပြီလား။
၃ ။ သားဉာဏ်ကောင်းတယ်။ အလွယ်ဆုံးနည်းလမ်းနဲ့ ဒီပုစ္စာကို ရှင်းနိုင်တာ။
၄ ။ ဒါလေးပြီးရင် ကစားကြရအောင်။
၅။ နည်းလမ်းက အခက်အခဲထက် အမြဲပိုများလေ့ရှိတယ်။
၆။ သမီးပြုံးတာကို အမေတအားကြိုက်တာပဲ။
ရ။ ကိုယ့်ကိုယ်ကို ယုံကြည်မူ အပြည့်ရှိကြမယ်နော်။
၈။ မင်းပြောတာမှန်တယ်။ ဆက်ပြော။
၉ ။ သမီးတအားကြိုးစားပြီးပြီပဲ။ နည်းနည်းလေးထပ်ပြီးတောင့်ခံလိုက်၊ အားလုံးအဆင်ပြေသွားမှာ။
၁၀။ သမီးဘာစားချင်လဲ၊ အဖေတို့ အတူလုပ်ကြရအောင်။
၁၁။ ကလေး၊ မင်းကို အဖေယုံတယ်။ ဆက်သာကြိုးစား။
၁၂။ ဘယ်သူအရင်အိမ်ရောက်မလဲ၊အပြေးပြိုင်ရအောင်လေ သား။
၁၃။ သားဒီရက်ပိုင်း အရပ်ပိုမြင့်လာပြီ။
၁၄။ သားလိမ္မာတယ်။ အမေ့ကို အိမ်အလုပ်အများကြီးကူတယ်။
၁၅။ သမီးဒီလောက်တောင်ထက်တာ၊ မေမေကူဖို့ လိုသေးလို့လား။
၁၆။ ဒီနေ့ ကျောင်းမှာ အပျော်ဆုံး တစ်ခုခု အမေ့ကို ပြောပြ။
၁၇။ ဆောရီးနော် သမီး၊ ဖေဖေ အထင်လွှဲသွားလို့။
၁၈။ ဒီကနေ့ သူငယ်ချင်းတွေနဲ့ ပျော်ကြရဲ့လား၊ ဘာကြောင့်လဲ။
၁၉ ။ ဒီကိစ္စ သားဘယ်လိုမြင်လဲ၊ ရှင်းဖို့နည်းလမ်း သားဘယ်နှစ်ခု တွေ့ထားသလဲ။
၂၀။ ဒီအချက် ဖေဖေလဲ မသိဘူး။ အတူအဖြေ ရှာကြရအောင်လေ။
၂၁။ ငိုချင်ရင် အားရပါးရ ငိုပစ်လိုက်၊ သမီး၊ ငိုပြီးရင် စိတ်လက်ပေါ့ပါးသွားမှာ။
၂၂။ ဒီတစ်လ အိမ်သုံးစားရိပ် ပိုသွားပြီ။ ဘယ်လိုချွေတာကြမလဲ။ ဘယ်သူက ပိုချွေတာနိုင်မလဲ။
၂၃။ သင်ယူစရာတွေ အများကြီးရှိတယ် သား။ ဖြေးဖြေးပေါ့၊ တစ်ခုပြီးမှ တစ်ခုဆက်သင်ကြရအောင်လေ။
၂၄။ ဖေဖေနဲ့ မပြောချင်တဲ့စကား မေမေ့ကိုတော့ပြောပြနော်၊ နောက်ဆုံး အမေ့ကို မပြောပြချင်ရင်လည်း အမကိုတော့ ပြောပြလိုက်ပေါ့။
၂၅။ သားခဏသေသေချာချာ စဉ်းစားလိုက်အုံး၊ ပြီးမှ အဖေမေးထားတာကို ဖြေလို့ရတယ်။
၂၆။ သမီးသတိပေးလို့ မေမေက သော့မမေ့တာလေ။ ကျေးဇူးပဲ သမီး။
၂၇။ သူများကို အားကိုးတာထက် ကိုယ့်ကိုယ်ကို အားကိုးတာ ပိုသေချာတယ် သမီး။
၂၈။ သားနည်းလမ်းမှန်တယ်။ တောင့်စုံ အောင် စဉ်းစားထားတယ်။
၂၉ ။ သမီးပြောတဲ့ ပုံပြင်ကို တစ်အိမ်သားလုံးက နားထောင်ချင်တာ။
၃၀။ မတတ်ရင်ကိစ္စမရှိဘူးလေ၊ များများမေး၊ များများရှာ။
၃၁။ အရမ်းလေးတယ်။ မေမေမနိင်ဘူးဟေ့၊ သားနဲ့သမီး၊ ဘယ်သူလားဆွဲကူမလဲ။
အထက်ပါစကားတွေကို အခြေခံပြီး အကျယ်ချဲ့ စဉ်းစားနိုင်ကြပါတယ်။ အသုံးဝင်ပါစေ။
Ref: WeChat
Credit: Sayar Aung Ko Latt
< Zawgyi Version >
ကေလးေမြးၿပီဆိုုရင္ မိဘျဖစ္လာေတာ့တာပဲ။ ဒါေပမဲ့ သားသမီးကိုု အေထာက္အကူ ျဖစ္ေစတဲ့ မိဘမ်ားျဖစ္ဖိုု႔ မ်ားမ်ားေလ့လာသင္ယူဖိုု႔လုုိပါတယ္။ သားသမီးမ်ားကိုု ဘယ္လိုုဆိုုဆံုုးမရင္ အထိေရာက္ဆံုုးလဲ။ ဘယ္လိုုစကားေတြက ပိုုအက်ဳိးရိွတာလဲ။ ေလ့လာၾကည့္ရေအာင္။
၁။ ေမေမ မစဥ္းစားမိတာေတာင္ သားကစဥ္းစားမိၿပီ။
၂ ။ ရဲရဲလုုပ္၊ သတၱိရိွရိွလုုပ္၊ မွားရင္ကိစၥမရိွဘူး၊ အေရးႀကီးတာ သားက အေကာင္းဆံုုးျဖစ္ေအာင္ ႀကိဳးစားၿပီးၿပီလား။
၃ ။ သားဥာဏ္ေကာင္းတယ္။ အလြယ္ဆံုုးနည္းလမ္းနဲ႔ ဒီပုုစၥာကိုု ရွင္းႏိုုင္တာ။
၄ ။ ဒါေလးၿပီးရင္ ကစားၾကရေအာင္။
၅။ နည္းလမ္းက အခက္အခဲထက္ အၿမဲပိုုမ်ားေလ့ရိွတယ္။
၆။ သမီးၿပံဳးတာကိုု အေမတအားႀကိဳက္တာပဲ။
ရ။ ကိုုယ့္ကိုုယ္ကိုု ယံုုၾကည္မူ အျပည့္ရိွၾကမယ္ေနာ္။
၈။ မင္းေျပာတာမွန္တယ္။ ဆက္ေျပာ။
၉ ။ သမီးတအားႀကိဳးစားၿပီးၿပီပဲ။ နည္းနည္းေလးထပ္ၿပီးေတာင့္ခံလုုိက္၊ အားလံုုးအဆင္ေျပသြားမွာ။
၁၀။ သမီးဘာစားခ်င္လဲ၊ အေဖတိုု႔ အတူလုုပ္ၾကရေအာင္။
၁၁။ ကေလး၊ မင္းကိုု အေဖယံုုတယ္။ ဆက္သာႀကိဳးစား။
၁၂။ ဘယ္သူအရင္အိမ္ေရာက္မလဲ၊အေျပးၿပိဳင္ရေအာင္ေလ သား။
၁၃။ သားဒီရက္ပိုုင္း အရပ္ပိုုျမင့္လာၿပီ။
၁၄။ သားလိမၼာတယ္။ အေမ့ကိုု အိမ္အလုုပ္အမ်ားႀကီးကူတယ္။
၁၅။ သမီးဒီေလာက္ေတာင္ထက္တာ၊ ေမေမကူဖိုု႔ လိုုေသးလုုိ႔လား။
၁၆။ ဒီေန႔ ေက်ာင္းမွာ အေပ်ာ္ဆံုုး တစ္ခုုခုု အေမ႔ကိုု ေျပာျပ။
၁၇။ ေဆာရီးေနာ္ သမီး၊ ေဖေဖ အထင္လႊဲသြားလိုု႔။
၁၈။ ဒီကေန႔ သူငယ္ခ်င္းေတြနဲ႔ ေပ်ာ္ၾကရဲ႔လား၊ ဘာေၾကာင့္လဲ။
၁၉ ။ ဒီကိစၥ သားဘယ္လိုုျမင္လဲ၊ ရွင္းဖိုု႔နည္းလမ္း သားဘယ္နွစ္ခုု ေတြ႔ထားသလဲ။
၂၀။ ဒီအခ်က္ ေဖေဖလဲ မသိဘူး။ အတူအေျဖ ရွာၾကရေအာင္ေလ။
၂၁။ ငိုုခ်င္ရင္ အားရပါးရ ငုုိပစ္လိုုက္၊ သမီး၊ ငိုုၿပီးရင္ စိတ္လက္ေပါ႔ပါးသြားမွာ။
၂၂။ ဒီတစ္လ အိမ္သံုုးစားရိပ္ ပိုုသြားၿပီ။ ဘယ္လိုုေခြ်တာၾကမလဲ။ ဘယ္သူက ပိုုေခြ်တာႏိုုင္မလဲ။
၂၃။ သင္ယူစရာေတြ အမ်ားႀကီးရိွတယ္ သား။ ေျဖးေျဖးေပါ႔၊ တစ္ခုုၿပီးမွ တစ္ခုုဆက္သင္ၾကရေအာင္ေလ။
၂၄။ ေဖေဖနဲ႔ မေျပာခ်င္တဲ့စကား ေမေမ့ကိုုေတာ့ေျပာျပေနာ္၊ ေနာက္ဆံုုး အေမ့ကိုု မေျပာျပခ်င္ရင္လည္း အမကိုုေတာ့ ေျပာျပလိုုက္ေပါ႔။
၂၅။ သားခဏေသေသခ်ာခ်ာ စဥ္းစားလိုုက္အံုုး၊ ၿပီးမွ အေဖေမးထားတာကိုု ေျဖလိုု႔ရတယ္။
၂၆။ သမီးသတိေပးလိုု႔ ေမေမက ေသာ့မေမ့တာေလ။ ေက်းဇူးပဲ သမီး။
၂၇။ သူမ်ားကိုု အားကိုုးတာထက္ ကိုုယ့္ကိုုယ္ကိုု အားကိုုးတာ ပိုုေသခ်ာတယ္ သမီး။
၂၈။ သားနည္းလမ္းမွန္တယ္။ ေတာင့္စံုု ေအာင္ စဥ္းစားထားတယ္။
၂၉ ။ သမီးေျပာတဲ့ ပုုံျပင္ကိုု တစ္အိမ္သားလံုုးက နားေထာင္ခ်င္တာ။
၃၀။ မတတ္ရင္ကိစၥမရိွဘူးေလ၊ မ်ားမ်ားေမး၊ မ်ားမ်ားရွာ။
၃၁။ အရမ္းေလးတယ္။ ေမေမမနိင္ဘူးေဟ႔၊ သားနဲ႔သမီး၊ ဘယ္သူလားဆြဲကူမလဲ။
အထက္ပါစကားေတြကိုု အေျခခံၿပီး အက်ယ္ခ်ဲ႔ စဥ္းစားႏိုုင္ၾကပါတယ္။ အသံုုး၀င္ပါေစ။
Ref: WeChat
Credit: Sayar Aung Ko Latt
Comments
Post a Comment