- Get link
- X
- Other Apps
၁) လူ့ဘဝမှာ အစမ်းလေ့ကျင့်(rehearsal) တယ်ဆိုတာ မရှိဘူး။
တိုက်ရိုက်ထုတ်လွှင့်မှုပဲ ရှိတယ်။
(၂) တကယ်တော့ ဘဝဆိုတာပျော်စရာပါ။ ဘဝက ကျွန်တော်တို့ကို
ဘယ်လိုပျော်ဖို့ သင်ပေးနေခဲ့ပါတယ်။
(၃) လူတွေရဲ့အသိဉာဏ်က ကြီးကျယ်မြင့်မြတ်တယ်။ အဲဒီအသိဉာဏ်က မျော်လင့်ချက်မဲ့နေသူ
တစ်ယောက်ကို မျှော်လင့်ချက်ရှိလာအောင် လုပ်ဆောင်နိုင်သလို မျှော်လင့်ချက်ရှိသူတစ်ယောက်ကိုလည်း
မျှော်လင့်ချက်မဲ့သူဖြစ်အောင် လုပ်ဆောင်နိုင်တယ်။
(၄) ကမာကောင်တစ်ကောင်ဟာ သူ့ကိုယ်တွင်းကသဲတွေကို လှပတဲ့ပုလဲတစ်လုံးဖြစ်အောင်
တစ်သက်တာအချိန်ကို သုံးရသတဲ့။ မိုးရွာပြီးစမှာ လှပတဲ့သက်တန့်တစ်စင်းဖြစ်ဖို့ မရေမတွက်နိုင်တဲ့
ရေစုံရေမွှားလေးတွေ စုရသတဲ့။ တကယ်လို့ ဒါတွေကို ဖြစ်ပြီးရင်းထပ်ဖြစ်တဲ့ ဒုက္ခအခက်အခဲတွေလို့
သဘောထားခဲ့ရင် အဲဒီဒုက္ခအခက်အခဲပြီးနောက် လှပတဲ့ပုလဲတစ်လုံး၊ လှပတဲ့သက်တန့်တစ်စင်း
ထွက်ပေါ်လာခဲ့ဦးမယ် မဟုတ်ပါလား!
(၅) ဘဝဆိုတာ အစဉ်အမြဲပွင့်တဲ့ မညှိုးပန်းတစ်ပွင့်ဆိုရင် ဒုက္ခအခက်အခဲတွေက
ပန်းကိုကြီးထွားသန်မာစေတဲ့ မြေသြဇာပဲဖြစ်မယ်။ မြေသြဇာမရတဲ့ပန်းဟာ ညှိုးနွမ်းခြောက်သွေ့လွယ်သလို
အခက်အခဲဒုက္ခတွေကို ရင်မဆိုင်ဖူးသူတွေက ပြီးပြည့်စုံတဲ့ဘဝကို မရနိုင်ဘူး။
(၆) လူအများရဲ့ ကွဲလဲတဲ့ထင်မြင်ချက်၊ အကြံဉာဏ်တွေကြားမှာ ရှေ့ဆက်ရမယ့်လမ်း ပျောက်နေခဲ့ပြီလား?
လူတွေရဲ့သွေးထိုးဖြားယောင်းတဲ့ စကားတွေကြားမှာ အခက်အခဲကိုဖြတ်ကျော်ဖို့ အတောင်တစ်စုံ မဲ့နေခဲ့ပြီလား?
ကြံ့ခိုင်မှုကိုမရွေးချယ်ခဲ့တဲ့၊ အားပေးစကားတွေ မကြားခဲ့ရတဲ့ ရင်တစ်စုံမှာ လမ်းပြမယ့်
ထွန်းတောက်တဲ့ နေရောင်တွေ ကင်းမဲ့နေခဲ့ပြီလား?
စိတ်မပူပါနဲ့.. အားမငယ်ပါနဲ့... ရိုးသား၊ စစ်မှန်ခြင်းတွေကို အော်ခေါ်နေတဲ့ ကိုယ့်ရင်ဘတ်ထဲက
နှလုံးသားရဲ့အသံကို နားထောင်လိုက်ပါ။ နှလုံးသားရဲ့ အလင်းရောင်က သင့်ကို လမ်းပြခေါ်ဆောင်သွားပါလိမ့်မယ်။
(၇) လူ့ဘဝလမ်းခရီးတစ်လျှောက်မှာ ချိုင့်ခွက်တွေ၊ အကွေ့အကောက်တွေရှိတယ်ဆိုတာ ဓမ္မတာပါ။
ဘယ်လို အခက်အခဲနဲ့ပဲ ကြုံရပါစေ၊ ဘယ်လို ဆင်းရဲဒုက္ခနဲ့ပဲ ရင်ဆိုင်ရပါစေ၊ ဘယ်လိုပဲ
မျှော်လင့်ချက်မဲ့ပါစေ၊ ဘယ်နှခါပဲ ခလုတ်တိုက် လဲကျပါစေ... ကြံ့ကြံ့ခံထရပ်ဖို့ မမေ့ပါနဲ့။
လက်မလွတ်ပါနဲ့... တစ်ကြိမ်ထရပ်တိုင်း အောင်မြင်မှုက သင်နဲ့ပိုနီးလာခဲ့ပါပြီ။
(၈) ခွင့်လွှတ်ခြင်းဆိုတာ သူတော်ကောင်းတရားတစ်မျိုးဖြစ်တယ်။ အမုန်းရန်ငြိုးတွေကို ပျယ်ပြက်စေနိုင်တယ်။
စိတ်ကောင်းစေတနာရှိတဲ့ လူတစ်ယောက် မတော်တဆ အမှားအယွင်းလုပ်ခဲ့မိရင် ခွင့်လွှတ်ပေးလိုက်ပါ။
ခွင့်လွှတ်ခြင်းဆိုတာ သူတစ်ပါးကို ကောင်းကောင်းဆက်ဆံတဲ့နည်းဖြစ်တယ်။ သူ့ကို အခွင့်အရေးတစ်ခု
ပေးတာဟာ ကိုယ့်ကိုကိုယ်လည်း အပြစ်မတင်၊ ဒေါသမကြီးစေတဲ့ အခွင့်အရေးတစ်ခု ပေးလိုက်တာနဲ့တူတယ်။
ခွင့်လွှတ်ခြင်းက ဘဝမှာ ယုံကြည်မှုကင်းမဲ့သွားသူကို အခွင့်အရေးတစ်ခု ပေးတာဖြစ်တယ်။
နွေးထွေးမှုပေးတာဖြစ်တယ်။ သူတစ်ပါးကို ခွင့်လွှတ်တာဟာ ကိုယ့်စိတ်ကို ကြည်လင်ပေါ့ပါးစေတယ်။
ခွင့်လွှတ်စိတ်ကလေးတွေကို ရင်ထဲထည့်ထားကြရအောင်...
(၉) ဘဝကာလိုက်ကာကို ဆွဲဖွင့်လိုက်ပြီဆိုမှတော့ စိတ်ပါလက်ပါနဲ့ အကောင်းမြင်စိတ်မွေးပြီး
ငါကပြရမယ်။ ခြေတစ်လှမ်း စလှမ်းလိုက်ပြီးဆိုတာနဲ့ ချိုင့်ခွက်၊ အကွေ့အကောက်တွေ့လဲ
နောက်မဆုတ်ဘူး။ နေပူမိုးရွာလဲ မရှောင်ဘဲ ငါ့ဇာတ်ကိုငါပြီးတဲ့အထိ အောင်အောင်မြင်မြင် ကပြသွားမယ်။
(၁ဝ) လူ့ဘဝလမ်းခရီးကို ကိုယ်တိုင်လျှောက်ရတယ်။ တခြားသူက သင့်အတွက် ကိုယ်စားလျှောက်ပေးလို့
မရဘူး။ သင့်နောက်ကျောက အလင်းတန်းကို သင့်အရိပ်ဝါးမြိုသွားမှာ စိုးမကြောက်ပါနဲ့...
ဘဝမှာ နေရောင်ခြည်နဲ့ တစ်ကြိမ်တစ်ခါ မျက်နှာချင်းဆိုင်ရတာဟာလည်း ဂုဏ်တစ်မျိုးပါ။
Credit :နိုင်းနိုင်းစနေ
\
Comments
Post a Comment