- Get link
- X
- Other Apps
၁။ “ အထူးအခွင့်အရေး” ဆိုတာဘာလဲ
ဖြေ။ ။ “ အထူးအခွင့်အရေး” ဆိုတာ၊ အစတုန်းကတော့ ရွှံ့ မုန်းလို့ တော်လှန်တယ်။
ကိုယ်လည်း အဲဒီ အထူးအခွင့်အရေး နေရာရောက်ရော၊ ကိုယ်လည်း စိမ်ကျတော့တာပါပဲ။
အမှန်တော့၊ ကျွန်တော်တို့ရဲ့ စိတ်တွင်းထဲမှာ၊ အထူးအခွင့်အရေးကို မုန်းတီးနေတာ မဟုတ်ပါ။
ကိုယ်အထူးအခွင့်အရေး ရတဲ့လူ မဟုတ်တာကိုသာ မုန်းတီးနေတာပါ။
၂။ ဘဝအတွေ့အကြုံ ရင့်ကျက်တယ်ဆိုတာဘာလဲ
ဖြေ။ ။ အကောင်းဆုံးကို ခံစားနေရင်လည်း ဘဝမမေ့ဘူး၊ အဆိုးဆုံးကို ကြုံတွေ့နေရင်လည်း
ဘဝကို အရူံးမပေးတဲ့ စိတ်ဓါတ်မျိုးပါ။
၃။ လွတ်လပ်ခြင်းကို ဘယ်လိုနားလည်သလဲ
ဖြေ။ ။ “ No ” အပြည့်အ၀ ပြောနိုင်တဲ့ အခွင့်အရေးပါ။
၄။ အခုခေတ်စားနေတဲ့ “ တက်ကျမ်း” တွေကို ဘယ်လိုမြင်သလဲ
ဖြေ။ ။ ဘယ်လောက်ပဲ ဖတ်ဖတ်၊ သူများ ဘဝအကြောင်းပါပဲ၊
၅။ ဘယ်လိုအရည်အသွေးမျိုးကို ချက်ချင်းအသုံးပြုရုံနဲ့ ချက်ချင်းအကျိုးခံစားရတာလဲ
ဖြေ။ ။ သူတစ်ပါးကို ချီးမွမ်းခြင်းပါ။
၆။ စာဖတ်တာနဲ့ ကမ္ဘာလှည့်ခရီးသွားတာနဲ့ ဘယ်ဟာပို ဗဟုသုတ ရသလဲ
ဖြေ။ ။ ဗဟုသုတ အတွက်စာဖတ်ထားခြင်းမရှိဘူးဆိုရင်၊
ကမ္ဘာလှည့်နေရင်လည်း စာပို့လုလင် သာသာပဲ ဖြစ်တယ်။
၇။ ပြည့်စုံတဲ့ အချစ်ဆိုတာ ဘာလဲ
ဖြေ။ ။ မပြည့်စုံခြင်းကို ကျေကျေနပ်နပ် လက်ခံခြင်းပါ။
၈။ တိုင်းပြည်ကို ကောင်းအောင် ဘယ်လိုစလုပ်ရမလဲ
ဖြေ။ ။ သင်ကောင်းအောင် အရင်ကြိုးစားရပါမယ်။
၉ ။ ဘာကြောင့် အချို့လူကိုတော့ အားကျရုံအားကျပြီး၊ အချို့ ကိုကျတော့ မနာလိုဖြစ်ရတာလဲ။
ဖြေ။ ။ အဝေးကလူကို အားကျတယ်။ အနီးကလူကို မနာလိုဖြစ်တယ်။ လက်လှမ်းမမီတာကို
အားကျတယ်။ လက်လှမ်းမီတာကို မနာလိုဖြစ်တယ်။ ကိုယ်အကျိုးနဲ့ မပတ်သက်ရင်
အားကျတယ်။ ကိုယ်ကျိုးနဲ့ ပတ်သက်လာရင် မနာလိုဖြစ်တယ်။
၁၀။ EQ မကောင်းတဲ့ ဥပမာလေး ပြောပြပါလား၊
ဖြေ။ ။ သူစိမ်းအပေါ် လေးလေးစားစားဆက်ဆံတယ်။ ရင်းနီးတဲ့ လူများအပေါ် အလွယ်တကူ ဒေါသထွက်တယ်။
၁၁။ မိန်းခလေးတစ်ယောက်အတွက်၊ အလှက ပိုအရေးကြီးတာလား၊ စိတ်ရင်းကောင်းမကောင်း ပိုအရေးကြီးတာလား၊
ဖြေ။ ။ ယော့ကျ်ားဆိုတာ လှတာမလှတာကို အရင်ကြည့်တာပါ။ ပြီးမှ စိတ်ရင်းကောင်းမကောင်းကို ဆက်ကြည့်တာပါ။
၁၂။ အသက် ၃၀ မှ အင်္ဂလိပ်စကားပြောစတင်တာ နောက်ကျလား၊
ဖြေ။ ။ သစ်ပင်စိုက်ဖို့ အကောင်းဆုံးအချိန်ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကပါ။ ဒုတိယ အကောင်းဆုံး အချိန်ဟာ “ ယခု“ ပါ။
၁၃။ လူတန်းစားအလွှာတွေ ဘယ်လိုကွာခြားကြပါသလဲ၊
ဖြေ။ ။ အထက်တန်းလွှာ လူများဟာ အချင်းချင်း အားပေးကြတယ်။ အလယ်တန်းလွှာ လူများဟာ၊
အချင်းချင်း ပြိုင်ဆိုင်ကြတယ်။ အောက်တန်းလွှာ လူများဟာ၊ အချင်းချင်း နင်းသတ်ကြတယ်။
၁၄။ ဘာဖြစ်လို့ ယခုခေတ်မှာ လူတစ်ယောက်ကို ချစ်ဖို့ ပိုပို ခက်ခဲလာတာလဲ၊
ဖြေ။ ။ သူများကို ချစ်ဖို့ထက်၊ ကိုယ့်ကိုယ်ကို ချစ်တာ ပိုပိုသေချာလာလို့ပါ။
၁၅။ ဘယ်လိုချွေတာသင့်သလဲ
ဖြေ။ ။ ပစ္စည်းတစ်ခုကို ဝယ်တိုင်းကိုယ့်ကိုယ်ကို မေးပါ။ တကယ်ကောကြိုက်နှစ်သက်သလား၊
သင့်တော်သလား၊ ရေရှည် စိတ်ကျေနပ်မူ ပေးနိင်မလား၊
Aung Ko Latt
Credit#
Comments
Post a Comment