- Get link
- X
- Other Apps

၃မိနစ်လောက် အချိန်ပေးပြီး ဖတ်ကြည့်စေချင်တယ် ခက်ခဲကြမ်းနေတဲ့ သင့်ဘဝအတွက်
တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပါတယ်ဆိုတာ မမေ့ပါနဲ့ စိတ်ဓာတ်မကျမိစေနဲ့
တစ်ခါက အငြိမ်းစား ကျောင်းဆရာတစ်ယောက်နဲ့ ဘဏ်မန်နေဂျာဟောင်းတစ်ယောက်တို့ အိမ်နီးနားချင်းတွေဖြစ်ကြသတဲ့။
အလုပ်ကလည်း အနားယူပြီးပြီဖြစ်လို့ နှစ်ယောက်စလုံးက ခြံထဲမှာ သစ်ပင်စိုက်ဖို့ စိတ်ကူးရကြတယ်။
ဒီမှာ ထူးခြားချက်က ဘဏ်မန်နေဂျာက ခေတ်မီနည်းစနစ်တွေကို
သိပ်ယုံကြည်အားကိုးတတ်သူ တစ်ယောက်ဖြစ်ပ်ါတယ် နှစ်ယောက်သား
အမျိုးအစားတူ သစ်ပင်လေးတစ်ပင် ခြံထဲကိုယ်စီ စိုက်ကြတယ်။
ကျောင်းဆရာဟောင်းကတော့ သူ့ပျိုးပင်လေးကို ပုံမှန်ရေလေးနည်းနည်းလောက်ပဲ
လောင်းပြီး ဂရုတစိုက် ပြုစုလေ့မရှိဘူး။
နည်းပညာအားကိုးတဲ့ ဘဏ်မန်နေဂျာဟောင်းကတော့ သူ့ပျိုးပင်လေးကို
မြေသြဇာကောင်းကောင်းကျွေး၊ ရေတွေလည်း အမြဲပုံမှန်လောင်းနဲ့
အရိပ်တကြည့်ကြည့် ပျိုးထောင်လာခဲ့ပါတယ်။
ဒီလိုနဲ့ … … သူတို့ရဲ့ သစ်ပင်လေးတွေပြိုင်တူ ကြီးထွားလာကြတယ်။ ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ရိုးရိုးသာမန်ပါပဲ။
ဘဏ်မန်နေဂျာရဲ့ သစ်ပင်ကတော့ သူ့ရဲ့ ဂရုတစိုက် ပြုစုမှုအကျိုးနဲ့ ပိုလှပ၊ ပိုဝေဆာတဲ့ သစ်ပင်လေးတစ်ပင်ဖြစ်လာတယ်။
တစ်ညမှာတော့ … … သူတို့မြို့လေးကို လေပြင်းမုန်တိုင်းအသေးစားလေးတစ်ခု
ဝင်ရောက်တိုက်ခတ်ခံလိုက်ရတယ်။
အဲ့ဒီညက မိုးတွေကြီး လေတွေထန်လို့ အသည်းအသန်ပေါ့။ မနက်မိုးလင်းလင်းချင်းပဲ
သစ်ပင်စိုက်ထားသူနှစ်ယောက် သူတို့ရဲ့ သစ်ပင်တွေကို ထွက်ကြည့်ကြတယ်။
အဲ့ဒီမှာတွေ့လိုက်ရတာကတော့ မန်နေဂျာရဲ့ သစ်ပင်က အမြစ်ကနေ ကျွတ်ထွက်နေပြီး
ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ပုံစံမပျက်ဘဲ မားမားမတ်မတ် ရှင်ကျန်နေတာကို အံ့အားသင့်ဖွယ်တွေ့လိုက်ရပါတော့တယ်။
မန်နေဂျာလည်း အံ့သြတကြီးနဲ့ ကျောင်းဆရာကို လှမ်းမေးတယ်။
"ကျွန်တော်တို့ နှစ်ယောက် အမျိုးအစားတူ သစ်ပင်တစ်မျိုးထဲကိုပဲ တစ်ချိန်ထဲတူတူ စိုက်ခဲ့ကြတယ်လေ။
ကျွန်တော်က ခင်ဗျားထက်တောင် ဒီအပင်ကို ဂရုစိုက်ခဲ့သေးတာ။ အခု
သေချာပြုစုထားတဲ့အပင်က အမြစ်ကကျွတ်ထွက်သွားပြီး ခင်ဗျားဂရုမစိုက်ခဲ့တဲ့
အပင်ကျတော့ အကောင်းအတိုင်း ကျန်နေခဲ့ပါရောလား"
"မှန်ပါတယ်။ ခင်ဗျားက ငွေလည်း တတ်နိုင်နေတာဆိုတော့ … အပင်လေးကို မြေသြဇာပုံမှန်ကျွေး၊ …
ရေသေချာလောင်းနဲ့ ဂရုတစိုက်ပြုစုခဲ့တော့ ခင်ဗျားအပင်လေးက ဘာမှ
အခက်အခဲမရှိဘဲ ကြီးထွားလာနိုင်တာပေါ့။ သူ့ခမျာ ရှင်သန်ကြီးထွားဖို့ ဘာမှတောင်
ပင်ပင်ပမ်းပမ်းမကြိုးစားလိုက်ရဘူးလေ …
ကျွန်တော့်အပင်လေးကိုတော့… ဘာမှထွေထွေထူးထူးလုပ်မပေးခဲ့ဘူး။ သူ့အတွက်
လိုအပ်တဲ့ရေလေးလောက် လောင်းပေးပြီး ကျန်တာကို သူ့အစွမ်းအစနဲ့သူ ရှာဖွေဖို့ လွှတ်ပေးခဲ့တယ်။
ဒီတော့… … ကျွန်တော့်အပင်လေးက သူ့အတွက် မြေသြဇာကောင်းကောင်းရဖို့၊
သူရှင်သန်နိုင်ဖို့ မြေအောက်ကို သူ့အမြစ်တွေနဲ့ ဆက်ထိုးဖောက်ရတယ်။
ဒီလို … ရုန်းကန်ရင်းနဲ့ပဲ ဒီအပင်လေးက ပိုပြီးသန်မာလာတော့ အခုလို အခြေအနေဖြစ်သွားတော့တာပါပဲ"… …!
#သင်ခန်းစာ - -
အခက်အခဲတွေကပဲ လူတစ်ယောက်ကို ပိုမိုသန်မာအောင် ကူညီပေးနိုင်ပါတယ်။
သင့်ဘဝမှာ. . . အခက်အခဲတွေ ကြုံနေရလို့ စိတ်မပျက်ပါနဲ့။
ကြိုးစားရင်း သင်ပိုမို သန်မာတဲ့ လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
သင့်မှာ … သားသမီးတွေရလာတဲ့အခါမှာလည်း… … ဒီအဖိုးကြီးနှစ်ယောက်ရဲ့ မတူညီတဲ့
သစ်ပင်ပျိူးပုံနဲ့ မတူညီတဲ့ ရလဒ်နှစ်ခုကို အမြဲတမ်းသတိရပါ။
ကြိုးစားနေကြသူတိုင်းး အားမလျှော့ကြပါနဲ့ … ဇွဲမလျှော့ကြပါနဲ့ နော့ … …
ဆရာကြီး ဦးအောင်သင်း၏ဒဿန မေတ္တာဖြင့်ပြန်လည်မျှဝေသည်
K.T .M
Credit#
Comments
Post a Comment