- Get link
- X
- Other Apps
၁။ နေရောင်ခြည်ကိုပဲ မော့ကြည့်နေမယ်ဆိုရင် အရိပ်ကို သင်မြင်နိုင်တော့မှာ မဟုတ်ပါဘူး။
-ဟယ်လင်ကဲလား (Helen Keller)
၂။ အဆိုးမြင်အတွေးတွေနေရာမှာ အကောင်းမြင်အတွေးတွေနဲ့ အစားထိုးလိုက်ပါ။
အဲ့ဒါဆိုရင် ဘဝမှာ လည်း ကောင်းတဲ့ရလဒ်တွေ စတင်လာလိမ့်မယ်။
-ဝီလ်နယ်လ်ဆင် (Willie Nelson)
၃။ ပြီးပြီးသား “မနေ့က”ကို ဘာမှလုပ်လို့မရတော့ပေမဲ့ “မနက်ဖြန်” ကိုတော့
ကိုယ်လိုချင်သလို ပုံစံ သွင်းလို့ရပါတယ်။
-လင်ဒန်ဘီဂျွန်ဆင်(Lyndon B. Johnson)
၄။ အပြုသဘောဆောင်တဲ့အတွေးတွေကို တစ်သက်လုံးမွေးမြူသွားဖို့အတွက်
အပြုသဘောဆောင် တဲ့အပြုအမူကို ဒီနေ့ပဲ စတင်ပျိုးထောင်သွားလိုက်ပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
-ဒလိုင်းလားမား (Dalai Lama)
၅။ ဘဝအပေါ် အကောင်းမြင်စိတ်ရှိပါ။ ဒါပေမဲ့ အမှန်တရားကို မြင်နိုင်စွမ်းရှိတဲ့
အကောင်းမြင်စိတ်မျိုး ဖြစ်ပါစေ။
-ဝေါ့ဒစ္စနေး (Walt Disney)
၆။ အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေဟာ အပျက်သဘောဆောင်တဲ့
အတွေးတွေထက် အ ရာရာကို ပိုကောင်းအောင်ပြုလုပ်ပေးတယ်။
-ဇစ်ဇစ်လာ(Zig Ziglar)
၇။ အဆိုးမြင်ဝါဒက အားနည်းချက်ကို ဖြစ်ပေါ်စေပြီး အကောင်းမြင်ဝါဒက
စွမ်းအားကို ဖန်တီးပေး တယ်။
-ဝီလျှံဂျမ်းစ် (William James)
၈။ ပျော်ရွှင်မှု၊ သဘာဝတရားနဲ့ ချစ်ခင်မှုတွေရှိတဲ့ ပတ်ဝန်းကျင်မပါဘဲ
အပြုသဘောဆောင်တဲ့ဘဝကို တည်ဆောက်လို့ မရပါဘူး။
-ဒီပါတ်ခ်ချိုပရာ (Deepak Chopra)
၉။ ကောင်းမွန်တဲ့အပြောင်းအလဲဆိုတာ လူတွေကို ကူညီခြင်းကနေ စတင်တယ်။
- လီလာကိုကာ (Lee lacocca)
၁ဝ။ အပြုသဘောဆောင်တဲ့အတွေးအမြင်ဆိုတာ အပြုအမူတွေကိုလည်း
ပြောင်းလဲစေတဲ့အပြင် ကာယကံရှင်ရဲ့ဘဝကို ကော ဘေးပတ်ဝန်းကျင်ကိုပါ
ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးပါတယ်။
-ဟာဗေးမက်ကေ (Harvey Mackay)
၁၁။ တစ်ရက်မှာ ၁၄၄ဝမိနစ်ရှိတာဟာ ကောင်းတဲ့အပြုအမူတွေလုပ်ဖို့ တစ်ရက်ကို
အခွင့်အရေးပေါင်း ၁၄၄ဝ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
-လက်စ်ဘရောင်း (Les Brown)
၁၂။ အပြုသဘောဆောင်တဲ့အတွေးအခေါ်တွေဆိုတာ ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကို လွယ်ကူစွာ ကျော်လွှားနိုင်စေတဲ့အရာပါ။
-ရော်ဂျာဖီဒါ (Roger Federer)
၁၃။ အကောင်းမြင်ဝါဒအမြဲရှိနေတာဟာ ကောင်းတဲ့အရာတွေတိုးပွားနေစေတဲ့ တွန်းအားတစ်ခုပဲဖြစ် တယ်။
-ကောလင်းပါဝဲလ် (Colin Powell)
၁၄။ သဘောထားဆိုတာ အကြီးမားဆုံးခြားနားချက်တွေကို ဖြစ်ပေါ်စေတဲ့ အသေးဖွဲဆုံးအရာတစ်ခုပဲ ဖြစ်ပါတယ်။
-ဝင်စတန်ချာချီ (Winston Churchill)
၁၅။ ပိုမိုမြင့်မားတဲ့အမြင့်တစ်ခုဆီ တက်ဖို့ဆိုရင် ကျေးဇူးတင်တတ်ရလိမ့်မယ်။
ဒီနေ့မှာ ကျွနု်ပ်တို့ အ များကြီး ပိုင်ဆိုင်ထားတာမရှိရင်တောင် အနည်းဆုံး
သေးသေးလေးတစ်ခုကိုတော့ ပိုင်ဆိုင်ခွင့်ရခဲ့ တယ်။ သေးသေးလေးတစ်ခုတောင်
မပိုင်ဆိုင်ထားရဘူးဆိုရင်လည်း အနည်းဆုံးတော့ ကျွနု်ပ်တို့ ကျန်း မာ နေသေးတယ်။
ဖျားနာနေရင်တောင် အနည်းဆုံး အသက်ရှင်နေသေးတယ်။ ဒါကြောင့် ဖြစ်သမျှ
အကြောင်း အကောင်းချည်းလို့တွေးပြီး အရာအားလုံးကို ကျေးဇူးတင်လိုက်ပါ။
Credit#
Comments
Post a Comment