- Get link
- X
- Other Apps

တစ်နေ့မှာ မိခင်ဖြစ်သူ ခြင်္သေ့မကို သားဖြစ်သူ ခြသေ့ၤလေးက မေးပါတယ်။ အမေ
သားတို့ရဲ့ ပျော်ရွှင်မှု ဆိုတာ ဘယ်မှာလဲ?ဒီအခါမှာ မိခင် ခြင်္သေ့မက ပျော်ရွှင်ခြင်းဆိုတာ
သားရဲ့ အမြီးပေါ်မှာ ပေါ့လို့ပြန် ဖြေသတဲ့။ ဒါနဲ့ခြင်္သေ့လေးက သူ့ရဲ့အမြီးကို ဖမ်းယူနိုင်ခဲ့ရင်
ပျော်ရွှင်မှု ဆိုတာကို သူပိုင်ဆိုင် နိုင်မယ်ထင်ပြီး ဖမ်းကာယူ ပါတော့တယ်။ ဒါပေမယ့်
တစ်နေ့လုံး အမြီးကို ဖမ်းယူကာ ဆော့ကစား သော်လည်း အမေပြောတဲ့ အမြီးပေါ်မှာ
ရှိတယ်ဆိုတဲ့ ပျော်ရွှင်ခြင်း ဆိုတာကို ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။
ဒါကို အမေဖြစ်သူ ခြင်္သေ့မကြီးကို ပြောပြတော့ ခြင်္သေ့မကြီးက သား ပျော်ရွှင်ခြင်း ဆိုတာ
တကူးတက ခက်ခက်ခဲခဲ လိုက်ရှာနေစရာ မလိုပါဘူး။ သားရဲ့အမြီးကို လှုပ်ရမ်းနိုင်သလောက်
စောင့်ရှောက်လှုပ်ရမ်း နေခြင်းဖြင့် သားရဲ့ပျော်ရွှင်ခြင်း ဆိုတာဟာ သားနဲ့ အတူရှိ နေတာပေါ့လို့ ပြန်ဖြေသတဲ့။

ကဲ...ပုံပြင်လေးကတော့ ဒါလောက်ပါပဲ။ တကယ်တော့ ပျော်ရွှင်ခြင်း ဆိုတာ တမင်တကာ
ဖန်တီးလုပ်ယူ လို့ရတာ မဟုတ်ပါဘူး။ ကိုယ်ပိုင်ဆိုင်တဲ့ ဘဝလေးမှာပဲ ရောင့်ရဲကာ
စိတ်ချမ်းသာအောင် နေခြင်းဖြင့် ပျော်ရွှင်မှု ဆိုတာကို ခံစားရမှာပါ။ လူသားတိုင်း
ကိုယ့်ရဲ့ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရှာဖွေနိုင် ကြပါစေ။
**သင့်ရဲ့ဘဝကို အတိုအရှည် ရွေးချယ်လို့ မရပါဘူး ၊ဒါပေမယ့် သင့်ဘဝကို
ဘယ်လိုနေထိုင် ရမလဲ ဆိုတာကို သင်စေစား ညွှန်ကြားလို့ရ နိုင်ပါတယ်။
**သဘာဝရဲ့ ရာသီဥတုကို သင်ထိန်းချုပ်လို့ မရပါဘူး၊ ဒါပေမယ့် သင့်ရဲ့စိတ်
အခြေအနေ ကိုတော့သင် ထိန်းချုပ်လို့ ရနိုင်ပါတယ်။
**သင့်ရဲ့ထင်မြင် ယူဆချက်(သို့) ရှုမြင်ပုံတွေကို ပြောင်းလဲလို့ မရပါဘူး၊
ဒါပေမယ့် သင်ပြုံးနေ နိုင်ပါတယ်။
**တစ်ပါးသူကို သင်ထိန်းချုပ် လို့မရပါဘူး၊ ဒါပေမယ့် သင့်ကိုယ်သင်တော့
ထိန်းချုပ်လို့ ရပါသေးတယ်။
**မနက်ဖြန် (သို့) အနာဂတ်ကို သင်ကြိုမမြင် နိုင်ပါဘူး။ ဒါပေမယ့် ယခုပစ္စပ္ပုန်
အချိန်ကို လိမ္မာပါးနပ်စွာနဲ့ သင်အသုံးချ နိုင်ပါသေးတယ်။
**အရာရာကို အောင်မြင်မှု သင်မရ နိုင်ပါဘူး ၊ ဒါပေမယ့် သင့်ရဲ့ ကြိုးပမ်းမှုတွေ၊
ရည်ရွယ်ချက်တွေကို အထမြောက်အောင် အကောင်းဆုံး ကြိုးစားဆောင်ရွက် နိုင်ပါတယ်။
သင်နှင့်တကွ လူသားအားလုံး မိမိရဲ့ နေ့စဉ်လူနေမှု ဘဝမှာ အကောင်းဆုံးနဲ့ ထာဝရ
ပျော်ရွှင်မှု ကိုလက်ဝယ် ပိုင်ဆိုင် နိုင်ပါစေ။
Credit#
Comments
Post a Comment