- Get link
- X
- Other Apps
ကွန်ပျူတာရဲ့ Chrome Browser မှာ Facebook
ဝင်သုံးတာပဲဖြစ်ဖြစ်၊ မြန်မာ website တွေထဲဝင်ပြီး
သတင်းတွေဖတ်တာပဲဖြစ်ဖြစ် Unicode နဲ့ရေးထားတဲ့
စာတွေဆိုရင် ဖတ်လို့ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့်
Chrome မှာ Zawygi & Unicode မည်သည့် Fonts နဲ့ပဲ
ရေးထားပါစေ၊ နှစ်မျိုးလုံး တစ်ပြိုင်တည်းဖတ်လို့ရအောင်
လုပ်နည်းရှိပါတယ်။ ကွန်ပျူတာမှာ အသုံးများတဲ့ Chrome
Browser အတွက်သာ အစမ်းပြထားခြင်းဖြစ်ပါတယ်။တစ်ခြား
Browser တွေဖြစ်တဲ့ Edge,Internet Explorer တွေမှာတော့
Facebook ဝင်သုံးရင် Unicode နဲ့ရေးထားတာပဲ မြန်မာစာ
ဖတ်နိုင်ပြီး Zawgyi Font တွေကို မဖတ်နိုင်ပါဘူး။ ဒါပေမယ့်
Zawygi နဲ့ရေးထားတဲ့ website တွေမှာတော့ ဖတ်နိုင်ပါတယ်။
ၤFirefox,Opera အစရှိသော တစ်ခြား Browser တွေကို မသုံးလို့
Zawgyi & Unicode နှစ်မျိုးလုံး ဖတ်လို့ ရ၊မရ မသိသေးပါဘူး။
1. ကွန်ပျူတာမှာ Zawgyi Myanmar Unicode Layout ဆိုတဲ့
Keyboard ကို Install လုပ်ထားရပါမယ်။ ပြီးရင် Zawgyi Font နဲ့
Unicode Font တစ်ခုဖြစ်တဲ့ Myanmar3 ကို Install လုပ်ရပါမယ်။
Windows 8,10 တွေမှာ Control Panel က Language အောက်မှာ
Add a langauge ကိုနှိပ်ပြီး မြန်မာလို ရေးထားတဲ့ မြန်မာစာ ဆိုတာကို
ရှာပြီး ထည့်ပေးရပါမယ်။ ထည့်ပြီးသွားရင် တစ်ခုသိထားရမှာက
အင်္ဂလိပ်စာနဲ့Zawgyi Font ကို ပြောင်းလဲရိုက်ချင်ရင် Curl+Shift ကို
တွဲနှိပ်ပြောင်းရမှာဖြစ်ပြီး မြန်မာစာUnicode ကိုရိုက်ချင်ရင်Alt+Shiftကို
ပြောင်းပေးရပါမယ်။
2. Zawgyi & Unicode Font တွေနဲ့Keyboard ထည့်ပြီးသော်လည်း
တစ်ခါတစ်ရံမှာတော့ Chrome မှာ Facebook သုံးရင် မြန်မာစာ မမှန်
နိုင်သေးပါဘူး။ Zawgyi Font ကို မပြောင်းရသေးလို့Unicode နဲ့ရေး
ထားတာတွေပဲ မြန်မာလို ဖတ်လို့ရပါမယ်။ အဲ့ဒါကြောင့် Zawgyi Font
ပြောင်းပေးဖို့အောက်ကပုံပါအတိုင်း Browser ရဲ့ညာဘက်အပေါ်က
အစက် သုံးစက်ကိုနှိပ်ပြီး Settings ထဲကိုဝင်၊ Settings Search မှာ
Font ကို ရိုက်ရှာပြီး Customize fonts အောက်မှာ Standard font,
Serif font,Sans-serif font,Fixed-width font နေရာတွေမှာ Zawgyi
Font ကို ရွေးပေးလိုက်ပါ။ Facebook ကို ပြန်ဝင်ကြည့်ရင် မြန်မာစာ
မှန်သွားပါမယ်။ ဒါပေမယ့် Zawgyi Font နဲ့ရေးထားတာပဲ မှန်ပါမယ်။
3. Unicode & Zawgyi Font နှစ်ခုလုံးတစ်ပြိုင်တည်း မြန်မာစာ
မှန်ချင်ရင်၊ ဖတ်ချင်ရင် Extension တစ်ခုကို ထည့်ပေးရပါမယ်။
Browser ရဲ့ညာဘက်အပေါ်က အစက်သုံးစက်ကိုနှိပ်ပြီး More
Tools > Extension ကို နှိပ်ဝင်လိုက်ပါ။ Extension ရဲ့ဘယ်
ဘက်မှာ မျဉ်ကြောင်း သုံးကြောင်းကို နှိပ်လိုက်ရင် အောက်မှာ
Open Chrome Web Store ကို နှိပ်ဝင်လိုက်ပါ။ သို့မဟုတ်
Browser Tab အသစ်ခေါ်ပြီး Chrome Web Store ကို ဝင်ပါ။
Chrome Web Store ရဲ့ Search box မှာ အောက်မှာ ဖော်ပြ
ထားတာတွေထဲက တစ်ခုကို ရိုက်ထည့်ရှာပြီး တွေ့ရင် Add to
chrome ကို နှိပ်လိုက်ပါ။ Extension ထဲကိုထည့်မှာလား မေးရင်
Add Extension ကို နှိပ်ပါ။ ထည့်ပြီးသွားရင် Extension ထဲကို
ပြန်ဝင်သွား Enable ဖြစ်၊မဖြစ် ပြန်စစ်ကြည့်ပါ။ Enable ဖြစ်နေရင်
Facebook မှာ Zawgyi & Unicode Font နှစ်ခုလုံးဖတ်နိုင်ပါပြီ။
(a) Tagu
(b) Ayar Font Tool
(c) Myanmar Font Tools (တစ်ခုကိုသာ အသုံးပြုပါ။)
Tagu က အသုံးပြုရတာ ပိုအဆင်ပြေပါတယ်။
4. Zawgyi Font တွေကို Unicode သို့အကုန်ပြောင်းချင်ရင်
အောက်က Extension ကိုထည့်ထားနိုင်ပါတယ်။
MUA Web Unicode Converter
5. Zawgyi ဖြစ်ဖြစ်၊ Unicode ဖြစ်ဖြစ် အဲ့ဒီစာတွေကို
Copy ကူးပြီး အောက်က Extension ကို အသုံးပြုပြီး
Zawgyi To Unicode To Zawgyi Font တွေကို
Convert လုပ်နိုင်ပါတယ်။
Myanmar ZawGyi and Unicode Converter
👉အသုံးလိုရင် share လုပ်ယူထားကြပါ။
#credit:NetComplus
Comments
Post a Comment