- Get link
- X
- Other Apps
(ဓမ္မအမေးအဖြေ)
မေး။ ။ Google မှာ ရှာကြည့်တော့ ဗုဒ္ဓဘာသာမှာ discrimination နဲ့ ပတ်သတ်ပြီး ထောက်ပြထားတာတွေ
အများကြီးရှိပါတယ်… Tradition ကနေ ဖောက်ထွက်နိုင်မှ ဗုဒ္ဓဘာသာက အနှောင့်အယှက်ကင်းကင်းနဲ့
ရေရှည်တည်တံ့မှာပါ... ဗုဒ္ဓဘာသာမှာ Discrimination နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာအနေနဲ့
ဘယ်လိုမျိုးဆောင်ရွက်နိုင်ပါသလဲ?
ဖြေ။ ။
★ ဘုန်းဘုန်းက ဝန်ကြီးဌာနဲ့ ပတ်သတ်တာကိုး Discrimination - ခွဲခြားဆက်ဆံမှု တွေကို
အခု သားပြောတာ သားက ဗုဒ္ဓဘာသာနဲ့ ရင်းနှီးတဲ့အခါကျတော့ ဗုဒ္ဓဘာသာအကြောင်းပဲပြောတယ်။
★ တိုးတက်ပါတယ် ဒီလို discrimination မရှိဘူးဆိုတဲ့ နိုင်ငံတွေမှာလည်း ရှိသေးတယ်
- ဥပမာ ဘုန်းဘုန်း အင်္ဂလန်နိုင်ငံမှာ ၂၃နှစ်ရှိပြီ ပြောခဲ့တာ- တစ်နေ့ကျတော့ အင်္ဂလိပ်ဗုဒ္ဓဘာသာတစ်ယောက်က
ဘုန်းဘုန်းကို ပြောတယ် အာရှတိုက်သားတွေက အမျိုးသမီးတွေကို နှိမ်တယ်ပေ့ါ။
★ အမျိုးသမီးတွေနှိမ်တာ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဟိန္ဒူတွေသွားကြည့်တယ်။ ဆော်ဒီအာရေးဗီးယားမှာရှိတဲ့
မူဆလင်တွေ သွားကြည့်တယ်။ ဆော်ဒီအာရေးဗီးယားမှာဆိုရင် အိမ်ပြင်ထွက်တာတောင်မှ
ယောက်ျားတစ်ယောက်မပါဘဲနဲ့ ထွက်လို့မရဘူး။
★ အမျိုးသမီး ကားမောင်းတာ ဒီနှစ်မှရတာ လပိုင်းပဲရှိသေးတယ်။ ကိုယ့်ကိုယ်ကို စီးပွားတည်ထောင်ဖို့ဆိုတာ
ဝေးလာဝေး။ သူများလုပ်နေတဲ့ စီးပွားရေးမှာ အလုပ်လုပ်လို့ မရဘူး။ အဲလို discrimination တွေ ရှိတယ်။
★ ဆိုလိုတာက discrimination နေရာတိုင်းမှာ ရှိတယ် ပြောချင်တယ်။ အဲဒါကြောင့် ဗုဒ္ဓဘာသာတစ်ခုတည်းကို
ပဲ ပြောရင် ဒါ ဗုဒ္ဓဘာသာ discriminate လုပ်တယ်ဆိုတာကို ဘုန်းဘုန်းက ပြန်ပြီးတော့ ကာကွယ်တဲ့အနေနဲ့ ပြောတာ။
★ အဲတော့ အဲဒီအဂ်လိပ်ဗုဒ္ဓဘာသာဒကာမကြီးက ဘုန်းဘုန်းဆီမှာ လာပြီးတော့ တရားထိုင်တဲ့ဒကာမကြီး။
တစ်နေ့ကျတော့ အာရှတိုက်သားတွေက အမျိုးသမီးတွေကို နှိမ်တယ်ပေါ့နော်။ အဲဒါကြောင့် ဒါပြောင်းရမယ်။
ဘုန်းဘုန်းက အေး ဟုတ်မယ်ထင်တယ်လို့။
★ BBC က တစ်နေ့က တရုတ်ပြည်နဲ့ correspondence ဖြစ်ဘူးတဲ့ အယ်ဒီတာ Carrie Gracie - အယ်ဒီတာ
ငါးယောက်ထဲမှာ သူပါတယ် BBC မှာ- ကျန်တဲလေးယောက်က အမျိုးသား၊ ကျန်တဲ့အမျိုးသားတွေက
သူ့ထက် အများကြီးလခ ပိုများပါတယ်။ သူက အမျိုးသမီးဆိုတော့ အလုပ်လုပ်တာချင်းတော့
တူတူပဲ ဒါပေမဲ့ လခ ပိုနည်းတယ်။
★ ဒါ အင်္ဂလန်မှာ ၂၀၁၈ခုနှစ်မှာဖြစ်တာ သူက သူ့ရာထူးကနေ နှုတ်ထွက်လိုက်တယ် ဆန္ဒပြတယ်။
အခု အမေရိကားမှာရှိတဲ့ ကုမ္ပဏီတွေ ယူရိုမှာရှိတဲ့ ကုမ္ပဏီတွေမှာ သူတို့သွားတောင်းကြည့်
အမျိုးသမီးတွေကို လခနည်းပြီးတော့ပေးတယ်။ လျှော့ပြီးတော့ပေးတယ်။
★ အရမ်းကို discrimination မရှိဘူးဆိုတဲ့ နိုင်ငံတွေမှာ ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ်
အမျိုးသမီးတခါမှ မဖြစ်ဖူးဘူး။ အင်္ဂလန်နိုင်ငံမှာ ပါလီမန်အမတ် ၆၅၀ ရှိရင် အမျိုးသမီးက
၁၀၀ကျော်ပဲရှိတယ်။ ဒါက အများကြီးကို campaign လုပ်ထားတာ။ ဒီလောက်ပဲရှိသေးတယ်။
★ အောက်စဖို့ဒ်တက္ကသိုလ်က သက္ကရာဇ် ၁၈၀၀ လောက်ထိ အမျိုးသမီးတွေ ဝင်ခွင့်မရပါဘူး၊
အောက်စဖို့ဒ်တက္ကသိုလ်မှာ။ အဲနောက်ပိုင်းမှာ အမျိုးသမီးတွေအတွက် ဆိုပြီးတော့ သူတို့ရဲ့
women rights အနေနဲ့ ကောလိပ်လေးခု campaigner တွေက ထပြီးတော့ တည်ထောင်တယ်။
ဘုန်းဘုန်းတက်ခဲ့တဲ့ St Anne's College အပါအဝင်ပါ။
★ ဘုန်းဘုန်းဆိုလိုချင်တာက အမျိုးသမီးတွေ အခွင့်အလမ်းဆုံးရှုံးနေတာ မြန်မာနိုင်ငံကျမှ မဟုတ်ဘူး
ဗုဒ္ဓဘာသာမှာကျမှ မဟုတ်ဘူး။ အကုန်လုံး မျှပြီးတော့ ပြောပါလို့ ပထမဆုံး ဘုန်းဘုန်းပြောချင်တယ်။
★ မဟုတ်ဘူးဆိုရင် ဒီစာအုပ်တွေရေးထားတာ အမျိုးသမီးတွေ၊ အနောက်တိုင်းနိုင်ငံ
အမျိုးသမီးဗုဒ္ဓဘာသာတွေလည်း ပါတယ်။ ဒီနေ့ clip တစ်ခု ဘုန်းဘုန်းမပြဘူး Kristin Neff ဆိုတဲ့
Texas university က ဆရာမကြီး Compassion - ကရုဏါ အကြောင်းသင်တာ ဘုရားဆင်းတုတော်နဲ့ သူက ဗုဒ္ဓဘာသာ။
★ ဘုန်းဘုန်းတို့က
#ပြောင်းလဲမှုဖြစ်စေချင်တယ်ဆိုရင် -
If you want to be part of the solution, you need to be positive.
ဒေါသဖြစ်ရင် positive မဖြစ်ဘူး ဘုန်းဘုန်းပြောချင်တယ်။
★ ဒီနေ့ ဒီmessage က ဒါပဲ။ ပြဿနာအားလုံးကို ဒီနေ့မှာ ဖြေရှင်းပေးဖို့ မဟုတ်ဘူး။ အဲပြဿနာကို
Compassion အနေနဲ့ အမျိုးသမီးတွေကို တမင်သက်သက်နှိမ်ထားတဲ့ အမျိုးသားတွေကိုလည်း
ကရုဏာထားရမယ်။ ကြောက်စိတ်ရှိနေတာကိုး။ အနှိမ်ခံရတဲ့အမျိုးသမီးတွေကိုလည်း
ကရုဏာထားရမယ်။ အနှိမ်ခံရတာကိုး။
★ အဲဒါကြောင့်မို့လို့ #တိုင်းပြုပြည်ပြုပြုချင်တဲ့စိတ်ဓါတ်ဆိုရင်တော့ #အပြစ်တင်တဲ့စိတ်ဓါတ်က အလုပ်မဖြစ်ဘူး။
★ အခု ဒီနေရာမှာ ပြဿနာတစ်ခုတွေ့တယ်။ အခု မေးခွန်းတစ်ခု gender issue ကိုပြောတယ်။
ဒီ gender issue နဲ့ ပတ်သတ်ပြီးတော့ ဘယ်လိုလုပ်ရရင်ကောင်းမှာတုန်း။ အဲဒီလို လိုက်ပြီးတော့
တွေးတဲ့ဟာမျိုးက အပြုသဘောပိုဆန်ပါတယ်။
★ ခုနတုန်းက ဘုန်းဘုန်းဖြေခဲ့တဲ့ အလုပ်နောက်ကျတဲ့ လူနှစ်ယောက်ထဲမှာ ဒုတိယတစ်ယောက်ဖြစ်အောင်
way out ထွက်လမ်းတွေကို တစ်ခုပြီးတစ်ခု လိုက်ရှာ မြွေမသေ ဒုတ်မကျိုးအောင်။
#ယောက်ျားတွေကိုလည်းဒေါသမဖြစ်စေနဲ့။ #အမျိုးသမီးတွေကိုလည်းကြောက်စိတ်မရှိစေနဲ့။
အဲလိုပုံစံမျိုးဖြစ်အောင် ဘယ်လိုလုပ်ရမှာတုန်း အဲဒီနည်းတွေလိုက်ရှာကြရအောင်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော် ပါမောက္ခ ဒေါက်တာဓမ္မသာမိ
ကရုဏာအခြေခံ တိုင်းပြုပြည်ပြုစိတ်ဓာတ် Compassion based constructive mindset for the Nation
(၆.၇.၂၀၁၉ စစ်ကိုင်း) တရားတော် အမေးအဖြေကဏ္ဍမှ ရေးသားပူဇော်ပါသည်။
မှတ်ချက်။ ။ တရားတော်အသံဖိုင်တွင် မေးခွန်းမေးသူအသံမှာ ပြတ်သားစွာမကြားရသဖြင့်
မေးခွန်းအတိအကျ ရေးသားထားခြင်း မဟုတ်ပါ။
Photo Credit - #TapattPorPorTanaboriboon
Comments
Post a Comment