Brian Tracy ၏ အဆိုအမိန့်များ


(၁) သင်ရောက်နေသော နေရာတွင် သင့်၌
ရှိသော အရာနှင့် သင်လုပ်နိုင်သည်ကိုလုပ်ပါ။
(၂) တာရှည်ခံသော မိမိကိုယ်ကိုယ်
ယုံကြည်မှု၏ ဆောင်ပုဒ်မှာ …
ကောင်းပါစေ ပိုကောင်းပါစေ အကောင်းဆုံးဖြစ်ပါစေ။
(၃) သင့်လုပ်ဆောင်မှုတွေ  ကောင်းမွန်လေလေ
သင့်ကိုယ်သင် ပို၍နှစ်သက်လာလေလေ
ကိုယ်ကိုယ့်ကို ယုံကြည်မှုလည်း
တိုးလာလေလေ ဖြစ်သည်။

(၄) ဘဝ၏ အောင်မြင်မှုသည် သင်လုပ်
သင့်သော အရာကို လုပ်ပြီးသည့်နောက်
သင်လုပ်နေသောအရာနှင့်
တိုက်ရိုက် အချိုးကျပါသည်။
(၅) အရာရာတိုင်းသည် အရေးပါသည်။
သင်လုပ်သမျှ အရာရာတိုင်းသည်
သင့်အတွက် အကူအညီဖြစ်မည်။
သို့မဟုတ် ထိခိုက်နစ်နာမည်။
သင့်ထံ ပေါင်းထည့်ပေးမည်။
သို့မဟုတ် သင့်ထံမှ နုတ်ယူသွားမည်။

(၆) သင်ကြည့်သမျှ မြင်သမျှ နားထောင်
ရသမျှ ကြားရသမျှသော အရာများကို
ရွေးချယ်စီစစ်ပါ။
သင်၏ အပြင်ပိုင်းမှ လွှမ်းမိုးမှုများသည်
အမြဲ အပြုသဘော ဆောင်နေပါစေ။
(၇) သင်၏ စိတ်ကို ကျန်းမာရေးနှင့် ညီညွှတ် သော အာဟာရပြည့်ဝသော ဉာဏ်ကောင်း
စေသော ပရိုတိန်းများကိုသာ ကျွေးပါ။
စိတ်ပိုင်းဆိုင်ရာ သကြားလုံးများ
မကျွေးပါနှင့်။
(၈) အခြေအနေ၏ သားကောင်ဖြစ်ခြင်းထက်
အခြေအနေ၏ ဖန်တီးရှင် ဖြစ်ပါစေ။
တုံ့ပြန်ပြုမူဖို့ထက် မိမိလိုသလို
ကြိုတင်ဖန်တီး ပြုမူတတ်ပါစေ။

(၉) သင်၏ သိစိတ်ထဲသို့ သင်ဝင်ခွင့်ပြုသည့် သတင်းစကားများကို အပြည့်အဝထိန်းချုပ်ပါ။
(၁၀) သင်၏ ပျော်ရွှင်မှု အများစုသည်
သင်နှင့် တခြားသူများအကြား ပေါင်းသင်း
ဆက်ဆံရေးမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
၎င်းတို့ကို ဂရုတစိုက် ကိုင်တွယ်ပါ။
အခြေအနေတိုင်းတွင် လူအားလုံးနှင့်
မှန်မှန်ကန်ကန် နေထိုင်ပါ။ ။


ဖြိုးဝင်းကိုကို
The gift of self confidence
by Brian Tracy
Credit#

Comments