- Get link
- X
- Other Apps
ဆုံးသွားတဲ့ ငါ့ဇနီးနဲ့ ကောင်းကင်ဘုံမှာရော အခြားနေရာမှာရော ပြန်လည်တွေ့ဆုံမယ်လို့
မထင်မိပါဘူး။ ဒါပေမယ့် ငါတို့ အရိုးပြာအိုးလေတွေတော့ တစ်ခုနဲ့ တစ်ခု နီးနီးကပ်ကပ် ရှိစေချင်တယ်။
ငါသေရင် ငါ့ရဲ့ မွမ်းမံပြင်ဆင်မှု မရှိတဲ့ အိမ်ကို ဖျက်ပစ်လိုက်ကြပါ။ ဒီမှာ ငါ့အိမ်ရှိနေတာ့
ကျန်တဲ့အိမ်တွေ အထပ်မြင့် တွေ ဆောက်လို့ မရကြဘူး။
ငါ့အိမ်မရှိတော့မှ အထပ်မြင့်တွေ အကုန်ဆောက်ကြ၊ မြေဈေးတွေလဲ
အများကြီး တက်သွားမယ်၊ ဒီအိမ်ရဲ့ သက်တမ်းက တစ်ရာကျော်နေပြီ၊ ပြင်ဆင်စရိတ်လည်း
နည်းမှာ မဟုတ်ဘူး၊ ဖောင်ဒေးရှင်း လည်း မရှိဘူး၊ နံရဲတွေမှာ ရေညှိတွေနဲ့၊ တံတိုင်းတွေလဲ အက်ကွဲနေပြီ။

ငါ့ သားသမီးတွေ သတိရရင်ကြည့်ဖို့ ဓာတ်ပုံ အဟောင်းလေးတွေ ရှိရင်တော်ပြီ။ငါက
နိုင်ငံရေးသမားကို မဖြစ်ချင်ခဲ့တာ။ အခြေအနေတွေက တွန်းပို့ခဲ့တယ်။
ဗြိတိသျှတွေ အရေးနိမ့်ပြီး ဂျပန်တွေ ရက်စက်မှုတွေ ခံခဲ့ရတယ်။ လူတွေ စိတ်ဓါတ်တွေ
ပျက်လာတယ်။ နောက်တော့ ကွန်မြူနစ်တွေ လက်ထဲ အာဏာ မရောက်အောင်လုရပြန်ရော၊
အဲဒီ အခြေအနေတွေ က လီကွမ်ယု ဖြစ်အောင် စေ့ဆော်ခဲ့တာပဲ။
ဒေါက်တာ ကေကေတန်နဲ့တွေ့တယ်။ သူက ဗုဒ္ဓဘာသာထဲက ထင်ရှားတဲ့ ပညာရှင်ပေါ့၊
သူ့နည်းက ရောဂါ အကြောင်းတွေးပြီး ကြောက်နေ တာထက် “ငါသေရမယ်၊ ငါသေရမယ်”
ဆိုပြီး နှလုံးသွင်းခိုင်းတယ်၊ အစပိုင်းတော့ တော်တော်ခက်တယ်၊ တဖြေးဖြေးနဲ့
အဆင်ပြေလာတယ်၊ အသက်ရှုတာ ညင်သာလာတယ်၊ မှတ်ရတာ ကောင်းပြီး ငြိမ်းချမ်းလာတယ်။
တခါတရံ တတိယ မျက်လုံးနဲ့ ကိုယ့်ကိုယ်ကို ပြန်ကြည့်တယ်။ စကြာဝဠာကြီးထဲမှာ
ငါဆိုတဲ့ ကောင်ဟာ တကယ့်ကို အသေးအမွှားလေး ပဲလို့ မြင်တဲ့အထိပဲ။
တရားထိုင်တာဟာ တကယ်ကို ငြိမ်းချမ်းတယ်၊ ကျောင်းတွေမှာတောင်

ကလေးတွေကို သင်ကြားပေးသင့်တယ်လို့ထင်တယ်။
ငါ့ ဇနီးကော ငါကိုယ်တိုင်ကော ငါ့ ကလေးတွေ အတွက် ဂုဏ်ယူတယ်၊ ဝန်ကြီးချုပ်ကလေးတွေဆိုပြီး
ပျက်စီးနေသူ တွေ လူလိမ် လူညာတွေ မဟုတ်ကြဘူး။ ကောင်းတာလုပ်တယ်။ ရိုးသားတယ်။
ကျောင်းကို လိုက်မပို့နိုင်တဲ့ နေ့တွေဆို သူတို့ ဘတ်စ်ကား စီးပြီးသွားကြတယ်။ သူတို့ကို
သာမန်ကလေးတွေလိုဖြစ်ဖို့လည်း ငါတို့က မျှော်လင့်ထားတယ်။
အခမ်းအနားတွေမှာ လူတွေက ထရပ်ပေး၊ အရိုအသေပေး ပန်းကုံးတွေစွပ် ဒါတွေကို
ငါဂရုမစိုက်ဘူး၊ မရှိလဲ ဖြစ်တယ်၊ တချို့ နိုင်ငံ ခေါင်းဆောင်တွေ ကတော့ ဒါမျိုးတွေ မပါရင်
သိပ်သဘောမတွေ့ဘူး၊ ဒါပျော့ညံ့မှု တစ်မျိုးလို့ ငါယုံကြည်တယ်။
Credit to Original Writer
#SKC
Comments
Post a Comment