အလကားရတဲ့အရာက ဈေးအကြီးဆုံးအရာဖြစ်ပါတယ်


အလကားရတဲ့အရာက ဈေးအကြီးဆုံးအရာဖြစ်ပါတယ် . နန်းအမြင်ကတော့
အလကားရတဲ့အရာက ဈေးအကြီးဆုံးအရာဖြစ်ပါတယ် ဒါကြောင့် အလကားဆိုတဲ့အရာကို
ဝေးအောင်နေပါ . အကယ်၍ ကိုယ်ကို သူများကို အလကားပေးတတ်တဲ့သူတစ်ယောက်
ဆိုရင် လက်ခံရရှိတဲ့သူက ကိုယ့်ဆီကိုအမြဲတမ်းရဖို့ မျော်လင့်တတ်ပါတယ် .
ဒီလိုနဲ့ တစ်ရက်ရက်ကိုယ်က မပေးနိုင်တော့တဲ့ချိန် (သို့) အသုံးစရိတ်တစ်ခုခုလုပ်တောင်းရမယ့်ချိန်ကျရင်
ကိုယ်ကပဲ မှားတဲ့သူတစ်ယောက်လိုမျိုးဖြစ်သွားလိမ့်မယ် . ကိုယ့်ကိုစိတ်အားသေးငယ်တယ် ၊
စေတနာမရှိဘူးလို့ပြောကျလိမ့်မယ် . ကိုယ်လုပ်ခဲ့တဲ့ ကောင်းချက်တွေအားလုံးကို
ထည့်မတွက်တတ်ပါဘူး / လူတွေက အဲ့လိုတွေပါပဲ . အကယ်၍ ကိုယ်က သူများဆီကနေ
တစ်ခုခုအလကားရတဲ့သူဆိုရင် အဲ့ဒီအလကားက ပြန်ဆပ်ဖို့ခက်ခဲတဲ့အရာတစ်ခုဖြစ်သွားပါလိမ့်မယ်
အဲ့ဒီ အလကားဆိုတဲ့အရာနဲ့ လဲဖို့တစ်ခုခု ရှာကိုရှာရတယ် ၊ အကယ်၍ အဲ့ဒီ
အလကားက အရာတစ်ခုဆိုရင် ပြီးတော့ quality မကောင်းဘူးဆိုရင်တော့ ကိုယ်က
မသုံးလဲရတယ် / ပြစ်လိုက်လို့ရတယ် . ဒါပေမဲ့ အဲ့ဒီအလကားက ဝန်ဆောင်မူ
တစ်ခုဆိုရင် ပြီးတော့ quality မကောင်းဘူးဆိုရင် ကိုယ်က သည်းခံအောင့်ငြီးရမှာပါ /
ဘာမှ သွားညည်းပြလို့မရဘူး / (ဘယ်ရမှာလဲ အဲ့ဒါက အလကားရတဲ့အရာလေ ) .
နန်းဒီသင်ခန်းစာတစ်ခုရပြီးတဲ့ချိန်မှာ အလကားဆိုတဲ့အရာကို လက်မခံတော့ပါဘူး
အဲ့ဒီအလကား ဆိုတဲ့အရာက ဘယ်လောက်ပဲ တန်ဖိုးကြီးပါစေ (သိန်း / သန်း) ပေါင်းများစွာပဲဖြစ်ပါစေ
ဘာဖြစ်လို့လဲဆိုတော့ အလကားဆိုတဲ့ အရာကဈေးကြီးလေ / ကိုယ်ပြန်ပေးရမယ့်အရာက
ဈေးကြီးလေပါပဲ . အကယ်၍ ပိုက်ဆံနဲ့ရှင်းနိုင်ရင်တစ်ခါထဲ ရှင်းလိုက်ပါ ရှင်းပြီးရင် ပြီးသွားပါပြီ / .
အကယ်၍ ပိုက်ဆံနဲ့ရှင်းလို့မရဘူးဆိုရင် အဲ့ဒီအရာကို လက်မခံသေးပါနဲ့ အဲ့ဒီအရာက
ကိုယ့်အတွက်အရာမဟုတ်သေးဘူးလို့ဆိုလိုပါတယ် . ပေးတဲ့သူဆိုရင်လဲ သင့်တော်တဲ့ ပမာဏနဲ့
ပဲပေးပါလို့ပြောချင်ပါတယ် လက်ခံတဲ့သူကို အကျင့်စွဲသွားအောင် မလုပ်ပါနဲ့ . လက်ခံတဲ့သူကလဲ
ကျေးဇူးကတော့ ဆပ်သင့်ပါတယ် / ဒါပေမဲ့ အလကားဆိုတဲ့အရာကို သိပ်မမျော်မှန်းပါနဲ့ရှင့် . .
တည့်တည့်ပြောရမယ်ဆိုရင် . အလကားဆိုတဲ့အရာက လောကမှာမရှိပါဘူး အလကားလို့တွေ့တာက
ပေးဖို့တန်ဖိုးများလို့ပါ / ဒါပေမဲ့ အဲ့ဒီတန်ဖိုးကမတွေ့တာများလို့ပါ . . အလကားဆိုတဲ့အရာကို ပေးလဲမပေးပဲ /
ယူလဲမယူတဲ့သူဖြစ်ဖို့ သတိရှိဖို့ လေ့ကျင့်ကျမယ်
#justpratice
Credit#

Comments