ဒီမယ္ငါ႔သား


စာကိုမကျက်ပါနဲ့သား . စာကိုနားလည်အောင် ဖတ်ပါ မှတ်ပါ
လိုချင်တာတွေကို မဝယ်ပဲ ပိုက်ဆံကို ခြစ်ကုပ်စုပီး ကပ်စေးမနဲပါနဲ့သား ဒါပေမဲ့
အသုံးနဲ့ အဖြုန်းကို ခွဲခြားတတ်ပါစေ
ပတ်ဝန်းကျင်ရဲ့ ထင်မြင်ချက်တွေ အတင်းအဖျင်းတွေကို ဂရုမစိုက်ပါနဲ့သား .
သားအကြောင်းကို သားကိုယ်တိုင်ထက်ပိုပီး ဘယ်သူမှ မသိနိုင်ပါ
စာများများဖတ်ပါ သား . reader ကောင်းတစ်ယောက်ပာ leader ကောင်းတစ်ယောက် ဖြစ်လာမှာပါ
စိတ်ဝင်စားတဲ့အလုပ်ကိုပဲ ရွေးလုပ်ပါ သား .

သားစိတ်မဝင်စားတဲ့ အလုပ်ကို ဘယ်သူက ဘယ်လောက်ပဲ တွန်းအားပေးနေပါစေ
အကျိုးသင့် အကြောင်းသင့်ပြောပီး ပြတ်ပြတ်သားသားနဲ့ ယဉ်ယဉ်ကျေးကျေး ငြင်းဆိုပါ .
လူတွေကို အားမနာပါနဲ့ သား . အားနာတယ်ဆိုတဲ့စိတ်က သားကို ဘယ်တော့မှ ကောင်းကျိုးမပေးဘူး
လူတွေကို တတ်နိုင်သလောက် မျှော်လင့်ချက် ကင်းကင်းနဲ့ ကူညီပါ ဒါပေမဲ့ သူတို့ဆီက ဘာမှပြန်ပီး မမျှော်လင့်ပါနဲ့
ဘဝမှာ "မှား"သွားမှာကို မကြောက်ပါနဲ့သား . လူတိုင်းမှားတတ်ကြပါတယ် .
ဒါပေမဲ့မှားမှန်းသိရင် အမှန်ပြင်နိုင်အောင် တတ်နိုင်သလောက် ကြိုးစားကြည့်ပါ
လူတစ်ယောက်နဲ့ စကားပြောတဲ့ခါ သဘောထားချင်း မတိုက်ဆိုင်တာတွေ့ရင် ခံမငြင်းပါနဲ့ သား .
သူတို့ပြောတာပဲ နားထောင်ပေးလိုက်ပါ
Manual Gearနဲ့ ကားမောင်းတတ်အောင် သင်ပါ . ဘယ်ကားကိုမဆို မောင်းတတ်တဲ့
ယောကျာ်းတစ်ယောက်ပာ သိပ်ကို Style ကျတယ် အမေ့သား
ကျန်းမာရေးအတွက်ရော body လှဖို့အတွက်ပါ အားကစားလုပ်ပါ သား . ခန္ဓာကိုယ်တောင့်တင်းတဲ့
ယောကျာ်းတစ်ယောက်ပာ ဘယ်နေရာသွားသွား လူတောသိပ်တိုးတယ် ငါ့သား
ရန်ဖြစ်ရင် သူများကို ဘယ်တော့မှစမထိုးပါနဲ့သား . သူကလာစထိုးရင်တော့
ပြန်ထိုးခဲ့ပါ ယောကျာ်းသိက္ခာကျတယ် အမေ့သား
ခရီးများများထွက်ပါ သား . သွားတိုင်းလဲ Camera တစ်လုံးယူဖို့မမေ့ပါနဲ့ ရောက်ခဲ့တဲ့

ဒေသတိုင်းရဲ့ အထင်ကရနေရာတွေကို ဓါတ်ပုံရိုက်ခဲ့ပီး ...
ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေကို memory card ထဲ မသိမ်းထားပဲ photo album လေး တစ်အုပ်အမြဲထုတ်ပါ.
အဲ့သည့်ဓါတ်ပုံတွေကို သားပြန်ထုတ်ကြည့်မိတိုင်း "ငါဒီနေရာတွေကို ရောက်ခဲ့ပါလား"
ဆိုတဲ့ အတွေးက သိပ်ကြည်နူးစရာကောင်းတယ်
ရည်းစားအများကြီး ထားကြည့်ပါ သား . ဒါပေမဲ့ တစ်ယောက်ပီးမှ တစ်ယောက်ထားပါ
အိမ်ထောင်ပြုတဲ့အခါ မိန်းမကောင်းရှာယူမယ်ဆိုတဲ့ စိတ်ကြီးမမွေးပါနဲ့သား
. ယောကျာ်းကောင်းတစ်ယောက် ဖြစ်အောင် သာကြိုးစားပါ . မိန်းမကောင်းတစ်ယောက်

သားအတွက် အလိုလိုပေါ်လာပါလိမ့်မယ်
အိမ်ထောင်ဖက်ကို သားစိတ်တိုင်းကျ သေသေချာချာရွေးချယ်ပါ . သားဘဝရဲ့ ၉၀% သော
ပျော်ရွှင်မှုကို ဒီမိန်းကလေးဆီကပဲ ရမှာပါ.
စိတ်ထားဖြူစင်ပီး သဘောထားပြည့်ဝတဲ့ ယောကျာ်းကောင်းတစ်ယောက် ဖြစ်ပါစေ။
Credit : မူရင်းရေးသားသူ
Peace&Rasta

Comments