လွတ်လပ်ပေါ့ပါးတဲ့ စိတ်ထား



တကယ်လို့ သင်ဟာ သူများ မျက်ရိပ်မျက်ကဲလည်း ကြည့်စရာမလိုဘူး၊ သူများအကြိုက်လည်း လိုက်ဆောင်စရာမလိုဘူး၊ သူများစောင်းပြောတာကိုလည်း အရေးမလုပ်တတ်ဘူး၊ သူများပြောစကားနဲ့လည်း စိတ်ညစ်မခံဘူးဆိုရင်၊ သင်စိတ်လွတ်လပ်မှု ရနေပါပြီ။

ကံကြမ္မာဆိုတာ ရွေးချယ်မှုနဲ့ စုစည်းထားတဲ့ ရလဒ်ပါ။ လက်တွေ့ဘဝမှာ.. ကျွန်တော်တို့ဟာ ဘာကိုတွေ့ကြုံမယ်ဆိုတာ ထိန်းချုပ်လို့ မရပါဘူး၊ အဆင်ပြေတာ ပါမယ်။ ကံဆိုးတာပါမယ်၊ ဒုက္ခဖြစ်စေတာလည်း ပါနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်စိတ်ဓါတ်ကို ထိန်းချုပ်လို့ ရတယ်လေ၊ ကိုယ့်တုန့်ပြန်မှု ကို ကိုယ်ရွေးချယ်လို့ ရတယ်လေ၊ ငါ “ ခြောက်ထောင်”တောင် ကျန်သေးတယ် ဆိုတဲ့စကားနဲ့ ငါ“ ခြောက်ထောင်” ပဲ ကျန်တော့တယ် ဆိုတဲ့စကားဟာ အရေအတွက်အားဖြင့် တူူညီပေမဲ့၊ ခံစားချက်ချင်း ဒုနဲ့ဒေးပါ။

ကျွန်တော်တို့ဟာ သူတစ်ပါးကို ပြောင်းလဲလို့ မရပါဘူး ကိုယ့်ကိုယ်ကို ပြောင်းလဲလို့ ရတယ်လေ... မိမိဟာ မိမိရဲ့ အရှင်သခင် ဖြစ်ရမယ်လေ...

လေစုန်လား၊ လေဆန်လား ခံစားတတ်ရင် လေပြေလေညင်းတွေချည်းပါ။ ဆောင်းဦးလား၊ နွေဦးလား ရူ့ မြင်တတ်ရင် ပန်းချီ ကားချပ်တွေချည်းပါ။

စိတ်ရှင်းရင် တဲစုတ်ထဲမှာလည်း စိတ်လုံခြုံသလို ကျန်းမာရင် ကန်စွန်းရွက်လည်း ဟင်းကောင်းတစ်ခွက်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ အသက်ရှင်ချင်တယ်ဆိုရင်၊ လွတ်လပ်ပေါ့ပါးတဲ့စိတ်ထားကို မွေးရမှာပါ။

Refး WeChat

Credit: Sayar Aung Ko Latt
< Zawgyi Version >
လြတ္လပ္ေပါ႔ပါးတဲ့ စိတ္ထား

တကယ္လိုု႔ သင္ဟာ သူမ်ား မ်က္ရိပ္မ်က္ကဲလည္း ၾကည့္စရာမလိုုဘူး၊ သူမ်ားအႀကိဳက္လည္း လိုုက္ေဆာင္စရာမလိုုဘူး၊ သူမ်ားေစာင္းေျပာတာကိုုလည္း အေရးမလုုပ္တတ္ဘူး၊ သူမ်ားေျပာစကားနဲ႔လည္း စိတ္ညစ္မခံဘူးဆိုုရင္၊ သင္စိတ္လြတ္လပ္မႈ ရေနပါၿပီ။

ကံၾကမၼာဆိုုတာ ေရြးခ်ယ္မႈနဲ႔ စုုစည္းထားတဲ့ ရလဒ္ပါ။ လက္ေတြ႔ဘ၀မွာ.. ကြ်န္ေတာ္တိုု႔ဟာ ဘာကိုုေတြ႔ႀကံဳမယ္ဆိုုတာ ထိန္းခ်ဳပ္လိုု႔ မရပါဘူး၊ အဆင္ေျပတာ ပါမယ္။ ကံဆိုုးတာပါမယ္၊ ဒုုကၡျဖစ္ေစတာလည္း ပါႏိုုင္ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တိုု႔ ကိုုယ့္စိတ္ဓါတ္ကိုု ထိန္းခ်ဳပ္လိုု႔ ရတယ္ေလ၊ ကိုုယ့္တုုန္႔ျပန္မႈ ကိုု ကိုုယ္ေရြးခ်ယ္လိုု႔ ရတယ္ေလ၊ ငါ “ ေျခာက္ေထာင္”ေတာင္ က်န္ေသးတယ္ ဆိုုတဲ့စကားနဲ႔ ငါ“ ေျခာက္ေထာင္” ပဲ က်န္ေတာ့တယ္ ဆိုုတဲ့စကားဟာ အေရအတြက္အားျဖင့္ တူူညီေပမဲ့၊ ခံစားခ်က္ခ်င္း ဒုုနဲ႔ေဒးပါ။

ကြ်န္ေတာ္တိုု႔ဟာ သူတစ္ပါးကိုု ေျပာင္းလဲလိုု႔ မရပါဘူး ကိုုယ့္ကိုုယ္ကိုု ေျပာင္းလဲလိုု႔ ရတယ္ေလ... မိမိဟာ မိမိရဲ႕ အရွင္သခင္ ျဖစ္ရမယ္ေလ...

ေလစုုန္လား၊ ေလဆန္လား ခံစားတတ္ရင္ ေလေျပေလညင္းေတြခ်ည္းပါ။ ေဆာင္းဦးလား၊ ေႏြဦးလား ရူ႕ ျမင္တတ္ရင္ ပန္းခ်ီ ကားခ်ပ္ေတြခ်ည္းပါ။

စိတ္ရွင္းရင္ တဲစုုတ္ထဲမွာလည္း စိတ္လံုုၿခံဳသလိုု က်န္းမာရင္ ကန္စြန္းရြက္လည္း ဟင္းေကာင္းတစ္ခြက္ပါ။ ေပါ့ေပါ့ပါးပါးနဲ႔ အသက္ရွင္ခ်င္တယ္ဆိုုရင္၊ လြတ္လပ္ေပါ႔ပါးတဲ့စိတ္ထားကိုု ေမြးရမွာပါ။

Refး WeChat Credit: Sayar Aung Ko Latt

Comments