အင်းလေးမှာ ဟိုတယ်တွေငုတ်တုတ်မေ့နေလို့တဲ့


အင်းလေးမှာ ဟိုတယ်တွေငုတ်တုတ်မေ့နေလို့တဲ့။ Tourismလုပ်ငန်းက လူဝင်နည်းပြီးအဆင်မပြေဘူးဖြစ်နေ

တယ်တဲ့လေ။မှန်ပါတယ်။ ရခိုင်အရေးနဲ့ ကမ္ဘာ့အလယ်မှာ ဟုတ်သည်ရှိ မဟုတ်သည်ရှိ

နာမည်ပျက်နေတဲ့နိုင်ငံဆိုတော့ သေချာပေါက်ဧည့်သည်နည်းရတော့မှာပေါ့။ဒါ့အပြင် ဘာထပ်ရှိဦးမလဲ။

Tourism လုပ်ငန်းမှာ activityတွေအရမ်းအားနည်းတယ်လို့မြင်မိတယ်။ ရှိရင်တောင်မှ

Promotionအားနည်းသလားလို့။ အင်းလေးကိုလာပြီး ဘာလုပ်ရမလဲ။ ငှက်ကြည့်မယ်။

ရေလေးတွေကြည့်မယ်။ ခြေတိုင်ရှည်အိမ်လေးတွေကြည့်မယ်။ ခြေထောက်နဲ့လှေလှော်တာကြည့်မယ်။

လှေနဲ့ဈေးရောင်းတာကြည့်မယ်။ဘုရားလည်မယ်။ဒါပဲလား ???

ဒါပဲဆိုရင်တော့ အိမ်နီးချင်းက ထိုင်းနိုင်ငံမှာအဲ့ဒါတွေအစုံရှိတယ်။ အဲ့ဒီမှာပဲ သွားကြည့်ကြတော့မှာပေါ့။

အခုဟာက မြန်မာပြည်မှာက tourismလုပ်ငန်းတွေမှာ ကြည့်စရာပဲရှိတယ်။ လာမယ် ကြည့်မယ် ဓါတ်ပုံရိုက်မယ်။

ဒါပြီးရင် ပြီးပြီ။ဘာမှလုပ်စရာထပ်မရှိတော့ဘူး။ ဒီထက်စိတ်ဝင်စားစရာမရှိတော့ဘူး။ ဒီထက်လည်း ဘာမှပိုလုပ်လို့မရဘူး။

ဟော်နန်းကြီးသွားကြည့်မယ်။ကြည့် ကြည့်ပဲ။ ရှေးဟာင်းအိမ်ကြီးပဲ။ကြည့်ပြီးပြန်လာပဲ။ဘာမှမဟုတ်ဘူး။

ဥပမာ တခုပြောမယ်။

ကိုရီးယားမှာဆိုရင် သူတို့ရဲ့နန်းတော်ဟောင်းနေရာက seoulမြို့ထဲမှာရှိတယ်။နန်းတော်ဟောင်းပဲကွာ

ဘာလုပ်စရာရှိသလဲဆိုတော့ ရှိတယ်။အဲ့ဒီမှာ ဒီအတိုင်းလျောက်ပတ်ကြည့်ရုံအပြင် သူတို့နန်းတွင်းတုန်းက

အဝတ်အစားတွေကိုယူဝတ်ပြီး ဓါတ်ပုံရိုက်လို့ရတယ်။ သူတို့ နန်းတွင်းထဲမှာ သင်ပေးတဲ့ဗုံတီးနည်းကို

လက်တွေ့လိုက်သင်ပြီး တီးလို့ရတယ်။ ရိုးရာမုန့်လုပ်နည်းကို ကိုယ်တိုင်ဝင်လုပ်လို့ရတယ်။

ခြင်းခတ်သလိုမျိုးပဲ ကြက်တောင်လိုဟာမျိုးလေးကို ခြေထောက်နဲ့ခတ်တာမျိုးတွေ လုပ်ကြည့်လို့ရတယ်။

သူတို့ စာလုံးရေးနည်းကို ရှေးဟောင်းပုံစံမျိုးစုတ်တံနဲ့သင်ပေးတယ်။ ဒါမျိုးတွေကို ကိုယ်တိုင်ကိုယ်ကျ

ပါဝင်ဆောင်ရွက်ပြီး activityအနေနဲ့လုပ်လို့ရတယ်။

သူဌေးကြီးတွေက ဟိုတယ်လေးဆောက်ပြီး လာမယ့်လူကို မျော်နေမှာထက် ပိုတဲ့အတွေးအခေါ်မျိုးလေးတွေရှိရင်

သိပ်ကောင်းမယ်။ ကိုယ့်ထက်ချမ်းသာကြွယ်ဝ ခေတ်မီတိုးတက်တဲ့နိုင်ငံတွေကနေလာတဲ့သူတွေကို

စွဲမက်လောက်စရာ တခုခု value addedလုပ်ပေးနိုင်မှပဲ ကိုယ့်ဆီကိုလာချင်ကြမှာပေါ့။

လာအိုနိုင်ငံက ဗန်ဗီယန်ဆိုတဲ့တောင်ပေါ်မြို့လေးရောက်ဖူးတယ်။ တောတွေတောင်တွေနဲ့ ကိုယ်တွေလိုပဲ

ဘာမှမထူးဆန်းဘူး။ ဒါပေမယ့် ရေပြာအိုင်ဆိုတာမျိုးမှာ အသက်ကယ်အင်္ကျီဝတ်ပြီး ခုန်ချဆော့လို့ရတယ်။

zip lineတွေရှိတယ်။ တောတွင်းမောင်းတဲ့ ကားသေးသေးလေးတွေနဲ့လျောက်မောင်းလို့ရတယ်။ မြစ်ထဲမှာ

ဘီယာလေးသောက်ပြီး ဘောကွင်းတကွင်းနဲ့မျောနေလို့ရတယ်။ ညဘက်ဆိုရင် ဘားတွေမှာ

သောင်းကျန်းလို့ရတယ်။ နိုင်ငံခြားသားတွေ ကြိတ်ကြိတ်တိုးပဲပေါ့။ ဒါမျိုး မြန်မာပြည်ကဘယ်နေရာမှာ

ဖြစ်ဖြစ်မြောက်မြောက်ရှိသလဲ ?

ဗီယက်နမ်နိုင်ငံမှာလည်း သူတို့ရဲ့ရွာထဲကိုခေါ်သွားပြီး သူတို့နဲ့အတူနေ အတူစား ဗီယက်နမ်ခမောက်ဆောင်းပြီး

လယ်တောထဲအတူသွားတဲ့ farmer lifeကိုတောင် packageလုပ်ပြီး ရောင်းစားတာတွေ့ခဲ့ရတယ်။

ထိုင်းနိုင်ငံကတော့ လူတိုင်းသိတယ် ရောက်ဖူးတယ်။ဟိုတယ်ခတွေဈေးသက်သာတယ်။facilityတွေကောင်းတယ်။

အစားအသောက်တွေ ပေါတယ်။လုပ်ချင်တာအကုန်အဆင်ပြေတယ်။

မြန်မာပြည်က နယ်မြို့လေးကိုရောက်လို့ ည၁၀နာရီဆိုရင် လမ်းပေါ်မှာ ဘာမှမရှိတော့ဘူး။

ကဲ ဘယ်လိုလူက လေယာဉ်၂ဆင့် ၃ဆင့် စီးပြီး မြန်မာပြည်မှာ ဂျင်းလာအထည့်ခံမလဲ ပြော ???

မြန်မာ့ Tourism လုပ်ငန်းရဲ့အနာဂတ် အတွက် ပြုပြင်သင့်တာပြောင်းလဲသင့်တာလေးတွေကို

ပြုပြင်ပြောင်းလဲ ဖန်တီးယူသင့်တယ်လို့မြင်မိပါတယ်

Credit#

Comments