ကျွန်တော်နားလည်ထားတဲ့ တရားသဘော


သဘောထားကြီးခြင်းဟာ မေတ္တာ၊ မငြင်းခုန်တတ်ခြင်းဟာ ဉာဏ်ပညာ၊ မကြားအောင်နေတတ်ခြင်းဟာ

ဆိတ်ငြိမ်ရာ၊ ကြည့်လည်းမမြင်တတ်ခြင်းဟာ လွတ်မြောက်ရာ.. ရောင့်ရဲခြင်းဟာ စိတ်လွတ်ချရာ

 ဖြစ်ပါတယ်။

အနစ်နာခံတတ်တဲ့သူဟာ၊ ဘယ်တော့မှ မနစ်နာပါဘူး၊ အနာခံမှ အသာစံမယ်ဆိုတဲ့စကားထဲမှ

 အနစ်နာလည်း ပါဝင်မှာပါ။ အနစ်နာခံတတ်တဲ့သူများဟာ..... အပေါင်းအသင်းများတယ်။

လူချစ်လူခင်ပေါပါတယ်။ အဆက်အသွယ်ပေါတယ်။အခွင့်အရေးပေါတယ်။ အခွင့်အရေးဆိုတာ၊

 အကွက်ကောင်းတစ်ချီ ဖမ်းမိလိုက်ရုံနဲ့၊ ဘဝအတွက် လုံလောက်ပါတယ်။

သေးသေးဖွဲဖွဲကအစ၊ အမြတ်ထုတ် တွက်ကပ်တဲ့လူဟာ၊ နောက်ဆုံး အမြတ်မရနိုင်ခဲ့ပါဘူး။

 ကောက်ရိုးတစ်ပင်ကောက်ရတယ်။ သစ်တောတစ်ခုလုံး ပြုန်းသွားပါတယ်။ ထမင်းဝိုင်းမှာ

 ပိုက်ဆံရှင်းတိုင်း အိမ်သာသွားလေ့ရှိတဲ့ ပုဂ္ဂိုလ်ကြီးတွေ တွေ့ဖူးပါသလား၊ ဘယ်တော့မှ

ထိထိရောက်ရောက် အောင်မြင်မဲ့ လူစားထဲမှာ မပါနိုင်ပါဘူး။

သဘောထားသေးသိမ်တဲ့သူများအတွက် ကမ္ဘာလောကကြီး ကျဉ်းမြောင်းလွန်းလှပါတယ်။

သူငယ်ချင်းတွေ ဆုံကြတယ်။ စကားသုံးခွန်းပဲ ပြောရသေးတယ်၊ သူ့အကြောင်း၊

သူ့မိသားစုအကြောင်း၊ သူ့ ပိုင်ဆိုင်မှု အကြောင်း စကားစပျိုးနေပါပြီ။ ဒီလိုပုဂ္ဂိုလ် အများစုရဲ့

အတွင်းစိတ်ထဲမှာ ဟာလာဟင်းလင်းဖြစ်ပါတယ်။ အတ္တဆန်ပါတယ်။ သူနဲ့ သူမိသားစုပဲရှိတယ်၊

အခြားကိစ္စ သူနဲ့ မဆိုင်သလိုနေထိုင်ပါတယ်။ မပေါင်းအပ်တဲ့ လူတန်းစားထဲမှာ ပါပါတယ်။

ရေစက်ဆိုတာ တန်ဖိုးထားတတ်ပါမှ ရှည်ရှည်ဝေးဝေး ဆုံကြတာပါ။ ဘဝသက်တမ်းမှာ

လူအများကြီးတွေ့ရပါတယ်။ သိခွင့်ရကြပါတယ်။ ဒါတွေ အားလုံးဟာ ရေစက်ကြောင့်ပါ။

ဘာသာရေး စာပေရဲ့ အဆိုများအရ........ သူငယ်ချင်းကောင်းဟာ ရှေ့ ဘဝမှာ အမျိုးတွေ

 ဖြစ်နေတတ်သလို၊ အမျိုးတွေဟာလည်း ရှေ့ ဘဝမှာ သူငယ်ချင်းကောင်းများ ဖြစ်နေတတ်ပါတယ်။

သင့်ကို ဒုက္ခပေးတဲ့လူများဟာ ရှေ့ ဘဝမှာ သင့်ဒဏ်ကို ခံထားရဖူးသူများ ဖြစ်နေတတ်တယ်။

 ဒါကြောင့်မို့လို့ ကိုယ့်အနီးအနားမှာ ရှိတဲ့လူကို လုံးဝတန်ဖိုးထားပါ။ ဂရုတစိုက်စိတ်ထားနဲ့

အလေးပေး ဆက်ဆံပါ။ သင့်ကိုဒုက္ခပေးတဲ့ သူများကိုလည်း ခွင့်လွတ်လိုက်ပါ။ ကံကံရဲ့

အကျိုးကို တကယ်ယုံကြည်ခဲ့ရင်ပေါ့လေ....

လူဆိုတာ... စိတ်ထဲမှာ တောင့်တမှု ကင်းနိုင်ရင် ကြွယ်ဝပါတယ်။ အလိုအပ်ခံရတာများရင်

 မြင့်မြတ်ပါတယ် ပျော်ရွင်မှု ဆိုတာ အကျင့်မဟုတ်ပါ၊ အရည်အသွေးတစ်မျိုးဖြစ်ပါတယ်။

ref: we chat

 Credit: Sayar Aung Ko Latt
< Zawgyi Version >
ကြ်န္ေတာ္နားလည္ထားတဲ့ တရားသေဘာ
-----------------
သေဘာထားႀကီးျခင္းဟာ ေမတၱာ၊ မျငင္းခုုန္တတ္ျခင္းဟာ ဥာဏ္ပညာ၊ မၾကားေအာင္ေနတတ္ျခင္းဟာ
ဆိတ္ၿငိမ္ရာ၊ ၾကည့္လည္းမျမင္တတ္ျခင္းဟာ လြတ္ေျမာက္ရာ.. ေရာင့္ရဲျခင္းဟာ စိတ္လြတ္ခ်ရာ
 ျဖစ္ပါတယ္။

အနစ္နာခံတတ္တဲ့သူဟာ၊ ဘယ္ေတာ့မွ မနစ္နာပါဘူး၊ အနာခံမွ အသာစံမယ္ဆိုုတဲ့စကားထဲမွ
 အနစ္နာလည္း ပါ၀င္မွာပါ။ အနစ္နာခံတတ္တဲ့သူမ်ားဟာ..... အေပါင္းအသင္းမ်ားတယ္။
လူခ်စ္လူခင္ေပါပါတယ္။ အဆက္အသြယ္ေပါတယ္။အခြင့္အေရးေပါတယ္။ အခြင့္အေရးဆိုုတာ၊
 အကြက္ေကာင္းတစ္ခ်ီ ဖမ္းမိလိုုက္ရံုုနဲ႔၊ ဘ၀အတြက္ လံုုေလာက္ပါတယ္။

ေသးေသးဖြဲဖြဲကအစ၊ အျမတ္ထုုတ္ တြက္ကပ္တဲ့လူဟာ၊ ေနာက္ဆံုုး အျမတ္မရႏိုုင္ခဲ့ပါဘူး။
 ေကာက္ရိုုးတစ္ပင္ေကာက္ရတယ္။ သစ္ေတာတစ္ခုုလံုုး ျပဳန္းသြားပါတယ္။ ထမင္း၀ိုုင္းမွာ
 ပိုုက္ဆံရွင္းတိုုင္း အိမ္သာသြားေလ့ရိွတဲ့ ပုုဂၢိဳလ္ႀကီးေတြ ေတြ႔ဖူးပါသလား၊ ဘယ္ေတာ့မွ
ထိထိေရာက္ေရာက္ ေအာင္ျမင္မဲ့ လူစားထဲမွာ မပါႏိုုင္ပါဘူး။

သေဘာထားေသးသိမ္တဲ့သူမ်ားအတြက္ ကမၻာေလာကႀကီး က်ဥ္းေျမာင္းလြန္းလွပါတယ္။
သူငယ္ခ်င္းေတြ ဆံုုၾကတယ္။ စကားသံုုးခြန္းပဲ ေျပာရေသးတယ္၊ သူ႔အေၾကာင္း၊
သူ႔မိသားစုုအေၾကာင္း၊ သူ႔ ပိုုင္ဆိုုင္မႈ အေၾကာင္း စကားစပ်ဳိးေနပါၿပီ။ ဒီလိုုပုုဂၢိဳလ္ အမ်ားစုုရဲ႕
အတြင္းစိတ္ထဲမွာ ဟာလာဟင္းလင္းျဖစ္ပါတယ္။ အတၱဆန္ပါတယ္။ သူနဲ႔ သူမိသားစုုပဲရိွတယ္၊
အျခားကိစၥ သူနဲ႔ မဆိုုင္သလုုိေနထိုုင္ပါတယ္။ မေပါင္းအပ္တဲ့ လူတန္းစားထဲမွာ ပါပါတယ္။

ေရစက္ဆိုုတာ တန္ဖိုုးထားတတ္ပါမွ ရွည္ရွည္ေ၀းေ၀း ဆံုုၾကတာပါ။ ဘ၀သက္တမ္းမွာ
လူအမ်ားႀကီးေတြ႔ရပါတယ္။ သိခြင့္ရၾကပါတယ္။ ဒါေတြ အားလံုုးဟာ ေရစက္ေၾကာင့္ပါ။
ဘာသာေရး စာေပရဲ႕ အဆိုုမ်ားအရ........ သူငယ္ခ်င္းေကာင္းဟာ ေရွ႕ ဘ၀မွာ အမ်ဳိးေတြ
 ျဖစ္ေနတတ္သလုုိ၊ အမ်ဳိးေတြဟာလည္း ေရွ႕ ဘ၀မွာ သူငယ္ခ်င္းေကာင္းမ်ား ျဖစ္ေနတတ္ပါတယ္။
သင့္ကိုု ဒုုကၡေပးတဲ့လူမ်ားဟာ ေရွ႕ ဘ၀မွာ သင့္ဒဏ္ကိုု ခံထားရဖူးသူမ်ား ျဖစ္ေနတတ္တယ္။
 ဒါေၾကာင့္မိုု႔လိုု႔ ကိုုယ့္အနီးအနားမွာ ရိွတဲ့လူကိုု လံုုး၀တန္ဖိုုးထားပါ။ ဂရုုတစိုုက္စိတ္ထားနဲ႔
အေလးေပး ဆက္ဆံပါ။ သင့္ကိုုဒုုကၡေပးတဲ့ သူမ်ားကိုုလည္း ခြင့္လြတ္လိုုက္ပါ။ ကံကံရဲ႕
အက်ဳိးကိုု တကယ္ယံုုၾကည္ခဲ့ရင္ေပါ႔ေလ....

လူဆိုုတာ... စိတ္ထဲမွာ ေတာင့္တမႈ ကင္းႏိုုင္ရင္ ၾကြယ္၀ပါတယ္။ အလိုုအပ္ခံရတာမ်ားရင္
 ျမင့္ျမတ္ပါတယ္ ေပ်ာ္ရြင္မႈ ဆိုုတာ အက်င့္မဟုုတ္ပါ၊ အရည္အေသြးတစ္မ်ဳိးျဖစ္ပါတယ္။

ref: we chat Credit: Sayar Aung Ko Latt

Comments