- Get link
- X
- Other Apps
ချိုးနှိမ် အနိုင်ကျင့်လေ့ ရှိ တဲ့ အလေ့အ ထ ဟာ ရှေးယခင်ကတည်းက
လက်ဆင့်ကမ်းလာခဲ့တာလို့ ပြောလို့ရပါတယ်။ ရှေးယခင်က
တည်းက သိပ်ကို ရုပ်ဆိုးတဲ့သူ၊ အလွန်ဝတဲ့သူ၊ အလွန်ပိန်တဲ့သူ၊
ရောဂါဘယထူပြောသူ၊ ကိုယ်လက်အင်္ဂါ မစုံလင်တဲ့သူတွေဆိုရင်
အလကားပဲတင်း ပြောင်ပြောင်တင်းတင်း စနောက်အနိုင်ကျင့်လို့ရတယ်လို့
လူတွေက ထင်နေကြပါတယ်ဗျာ
အနိုင်ကျင့်နှိပ်စက်သူတွေဟာ ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ၊ အလုပ်မှာ၊
လူမှုကွန်ယက်ပေါ်မှာ နေရာအသီးသီးမှာ ရှိနေနိုင်ပါတယ်။
အနိုင်ကျင့်နှိပ်စက်ခံရသူတွေရဲ့ စိတ်ထဲမှာတော့ ကာလရှည်နာကျင်မှုကြောင့် တစ်ချို့ဆို
စိတ်ညစ်လွန်းလို့ မိမိကိုယ်ကို
သတ်သေတာမျိုးတွေတောင် ရှိခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှု မရှိသူတွေကြောင့်
ဒီလို အဖိုးတန်အသက်တွေ
ဆုံးရှုံးနေဦးမှာပါဘဲ
အခုလည်း Michael Goodman ဟာ Treacher Collins syndrome ဆိုတဲ့ရောဂါကို
ခံစားခဲ့ရလို့ ငယ်ငယ်ကတည်းက
မျက်နှာပုံပျက်ပန်းပျက် ဖြစ်နေခဲ့သူပါ။ ဒီလို ရုပ်ဆိုးတာကိုပင် အတန်းဖော်တွေက
သူ့ကိုပဲ ဦးတည်စနောက်တာကို ခံခဲ့ရပြီး၊
တစ်ခါတလေ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရတာမျိုးတောင် ရှိတယ်လို့ ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်က
သူ့ဖြစ်ရပ်နဲ့ဆင်တူတဲ့ Wonder လို့
အမည်ရတဲ့ ဇာတ်ကားကြီးကလည်း ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ
ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေဟာ Michael နဲ့ (၇၅)%အထိ တိုက်ဆိုင်တယ်လို့ သူက ပြောပါတယ်။
ဒီဖာတ်ကားထဲမှာထက်တောင် သူ့လို ရုပ်ပျက်ဆင်းပျက်သမားတွေဟာ
အနှိပ်စက်ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
သူဟာ အနိုင်ကျင့်လွန်းမက အနိုင်ကျင့်ခံခဲ့ရတော့ အလယ်တန်းကျောင်းသားဘဝမှာ
တော်တော်လေး ရှက်တတ်တဲ့ ခံစားမှုကို
ခံစားနေရပါပြီ။ ဒါကြောင့် မိမိကိုယ်ကို သတ်သေဖို့ နှစ်ကြိမ်အထိ သေကြောင်းကြံစည်ခဲ့ပေမယ့်
အထမမြောက်ခဲ့ပါဘူး။ ဒီလို
အထမမြောက်ခဲ့ခြင်းကလည်း Michael ကို ကံကောင်းစေခဲ့ပါတယ်
သူ အသက်ဆက်ရှင်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး မခံချင်စိတ်နဲ့ ကြိုးစားခဲ့ရာမှာ
Michael ဟာ ဆေးတက္ကသိုလ်ဝင်ခွင့် ရရှိခဲ့ပါတယ်။
သူဟာ ကလေးအထူးကုဆရာဝန်အဖြစ် ဘဝကို ရပ်တည်ခဲ့ပါတယ်။ သူဟာ
ကိုယ့်ရုပ်သွင်ကို မပြောင်းလဲနိုင်ခဲ့ပေမယ့်
ကိုယ့်အတွင်းစိတ်ကိုတော့ ပြောင်းလဲနိုင်ခဲ့သူပါ။ ဒါတောင် စကားက
ဗလုံးဗထွေးမို့ တော်ရုံကလေးရှင်တွေက သူတို့ကလေးတွေကို
လာရောက်ပြသခြင်း မရှိကြပါဘူးသိုပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ကြိုးစားမှုနဲ့ ဆေးကုသမှုမှာ
ဂုဏ်သတင်းကျော်ကြားခဲ့ပြီး မိဘတွေရဲ့
ယုံကြည်မှုကို ခံခဲ့ရပါတယ်။ အခုဆို Michael ဟာ အသက်(၃၇)နှစ် ရှိနေပါပြီ။
သူဟာ ကြင်နာမှုနဲ့သာ အလုပ်လုပ်ပြီး၊ မည်သူ့ကို
အပေါ်မဆို စေတနာအပြည့်နဲ့ ဆက်ဆံပါတယ်။ သူက ” စကားလုံးတွေက နာကျင်စေပါတယ် …
ဒီတော့ ကြင်နာမှုဆိုတာ
စကားလုံးတွေနဲ့ ပြောစရာမလိုဘူး … ကြင်နာမှုကိုပဲ ရွေးချယ်ပါ “လို့ ပြောခဲ့ပါတယ်
Credit#
Comments
Post a Comment