ကြည့်လို့ မရဘူး



သင်ကြည့်လို့ မရတဲ့လူ ရှိပါသလား၊ ကျွန်တော်ကတော့ “ ရှိပါတယ်”

လို့ ဖြေမှာပဲ၊ သူသူကိုယ်ကိုယ် ကြည့်လို့မရတဲ့သူ တော့ ရှိတတ်ပါတယ်။



အဲဒီတော့ ကြည့်လို့မရတဲ့လူ များပါသလား၊ ကိုယ့်အတွင်းစိတ်ကနေ

 ဖြေဆိုကြည့်ပါ။ တကယ်လို့ “ များပါတယ်၊ အရမ်းများတယ်” လို့ ဖြေဆိုခဲ့ရင်....

သင် တစ်ခုခုတော့..မှားယွင်းနေပါပြီ။



ကျွန်တော် စကားတစ်ခွန်းကို သဘောကျမိပါတယ်။ “ သူများကျွန်တော့်ကို

 လေးစားတာဟာ.. ကျွန်တော် ထူးချွန်လို့ မဟုတ်ပါ။ သူများ ထူးချွန်

လို့ လေးစားတတ်ခြင်းဖြစ်ပါတယ်”တဲ့



ဟုတ်ပါတယ်၊ ထူးချွန်တဲ့သူများဟာ သူများကိုလေးစားတတ်ပါတယ်။

လူတိုင်း သူ့အရည်အချင်းနဲ့ သူရှိတယ်ဆိုတာ.. သူတို့ ကောင်းစွာ နားလည်ထားလို့ပါ။



သူများကိုလေးစားတတ်တယ်။ သူများရဲ့ အားသာချက်ကို အားကျတတ်တယ်။

ဒါဟာ စိတ်ဓါတ်ပြည့်ဝခြင်းရဲ့ လက္ခဏာ တစ်ခု ဖြစ်တယ်။ လူတစ်ဦး ရင့်ကျက်တယ်

 မရင့်ကျက်ဘူးဆိုတာ အသက်အရွယ်နဲ့ မသက်ဆိုင်ပါဘူး သူရဲ့ စိတ်နေစိတ်ထားနဲ့သာ

 သက်ဆိုင်ပါတယ်၊ စိတ်ကိုကောင်းကောင်း ထားတတ်သွားပြီဆိုရင်..

ဘယ်သူ့ကိုမဆို ကြည့်လို့ ရတယ်။ ကြည့်လို့ဖြောင့်တယ်။



ကြည့်လို့မရဘူးဆိုတာ သေးသိမ်ခြင်းတစ်မျိုးပါ။ ကျွန်တော်ငယ်ငယ်တုန်းက

 နေခဲ့တဲ့ မြို့ကလေးတစ်မြို့ မှာပါ။ တစ်နေ့ကျတော့ လူငယ်တွေ ပွဲခင်းထဲမှာ

 အကြီးအကျယ် ရန်ဖြစ်ကြတယ်။ နောက်ဆုံးတော့ ဆေးရုံရောက်တဲ့လူတွေ

 ရှိတယ်။ ရဲစခန်း ရောက်တဲ့လူတွေလည်း ရှိတယ်။ အဲလောက်ထိ

 နာကျင်လောက်အောင် ဘာလို့ ရန်ဖြစ်တာလဲလို့ မေးကြည့်တော့

 “ ကြည့်လို့ မရလို့ ပါ” လို့ ဆိုပါတယ်။ “ အချင်းချင်း ပွဲခင်းမှာ တွေ့တယ်။

ဘယ်လိုကြည့်ကြည့် ကြည့်လို့ကို မရဘူး” ဆိုပဲ၊ အဲဒါနဲ့ ခိုက်ရန် ဖြစ်ကြပါသတဲ့ဗျာ...



လူတစ်ချို့ ရှိပါတယ်။ တွေ့တဲ့ လူတိုင်းကို သူတို့ပေတံနဲ့ တိုင်းတော့ပါပဲ၊

သူတို့ပေတံထဲဝင်ရင် အမှန်အကောင်း၊ သူတို့ပေတံထဲ မဝင်ခဲ့ရင်

 အမှားအဆိုးပေါ့၊ စိတ်ထဲမှာဖြစ်ဖြစ်၊ လူမှုကွန်ယက်မှာ အခွင့်ကြုံခဲ့ရင်ဖြစ်ဖြစ်၊

ဆဲကြပါတော့တယ်။ ဒါပေမဲ့ သူတို့ မသိတာတစ်ခုက သူများက သူတို့အကြိုက်ကို

 လိုက်ဆောင်ဖို့ တာဝန်မရှိဘူးလေ၊ ဥပဒေကို မချိုးဖောက်ဘူး၊ အများအကျိုးကို

 မထိခိုက်ဘူး အဲဒါ လူကောင်းပဲလေ..



ကိုယ့်ကိုယ်ကို အဟုတ်ထင်နေတဲ့ လူများဟာ၊ နေရာတိုင်းမှာ ဂျီးများကြတယ်။

 စိတ်သဘော သေးသိမ်တဲ့သူများဟာ ၊ နေရာတိုင်းမှာ တွက်ကပ်ကြတယ်။

အမြင်တိုတို ကြည့်တတ်သူများဟာ၊ နေရာတိုင်းကို အပြစ်တင်ကြတယ်။

ဘဝင်မြင့်တဲ့သူများဟာ၊ ပတ်သက်သမျှကို အထက်စီးချင်ကြတယ်။



အဆုံးမှာတော့...သူများကို ကြည့်လို့မရတာဟာ ကိုယ်တိုင်ကိုယ်က ပုံမလာလို့ပါ။

သဘောထားမပြည့်ဘူး၊ အမြင်မကျယ်ဘူး ပြီးတော့ အတွေးအခေါ် မရင့်ကျက်ဘူး၊



တကယ်ပြည့်ဝရင့်ကျက်တဲ့လူတစ်ဦးဟာ ကိုယ်ဆန္ဒအတိုင်း သူတစ်ပါးကို ပဲ့မကိုင်တတ်သလို

 ကိုယ့်အတွက်ကြောင့်လည်း သူများကို စိတ်မသက်သာရာ မဖြစ်စေပါဘူး၊

နိဗ္ဗာန်သွားဖို့တောင်မှ မဂ္ဂင် ၈ ပါး ရှိသေးတယ်။ ရိုးရိုးရှင်းရှင်း သူတစ်ဦးအဖို့

ကိုယ်လမ်းကိုယ်သွားဖို့ ရွေးချယ်စရာ လမ်းကြောင်းတွေ အများကြီးပါ။ သူများလမ်း

သူများအေးအေးသွားပါစေ၊ ကိုယ့်ဖာသာကိုယ် ကြည်မရရင်၊ ဘာလဲ၊ အရပ်ထဲမှာ

 စကားတစ်ခွန်းရှိပါတယ်။ “ လဲသေလိုက်” တဲ့



ကျွန်တော်နားလည်ထားတာ တစ်ခုပြောပါရစေ၊ တရားကျင့်တယ်ဆိုတာ ကိုယ့်ဘဝကို

 ပြုပြင်တဲ့ခရီးတစ်ခုပါ။ စိတ်နေစိတ်ထားကျင့်တယ်၊ အပြုအမူကျင့်တယ်၊

အနေအထိုင်ကျင့်တယ်၊ အကြားအမြင်လည်း ကျင့်ရပါတယ်။



အဲဒီတော့.... ကောင်းတာဆောင်မယ်၊ မကောင်းတာ ရှောင်မယ်၊ စိတ်ကို ရှင်းရှင်းထားမယ်။

 ဓမ္မဓိဋ္ဌာန်ကျအောင် ရူ့မြင်တတ်မယ်။ နိမ့်ချတဲ့ စိတ်ထား မွေးမြူမယ်။ ပြစ်တင်ခြင်းထက်

ခွင့်လွတ်ခြင်းကို ဦးစားပေးမယ်။ တယူသန်စိတ်ကို လွတ်ချမယ်။



စိတ်ဖြောင့်သွားပြီဆိုရင်၊ မျက်စိဖြောင့်သွားပါပြီ၊ အဲဒီအဆင့်ကိုရောက်ရင်၊ လူတိုင်းကို

 ကြည့်လို့ရသွားပါပြီ။ စိတ်ထဲမှာ ရူ့ခင်းရှိနေမှတော့၊ လောကကြီးတစ်ခုလုံး

လှပကောင်းမွန်ခြင်းနဲ့ ပြည့်စုံသွားပါပြီ။ သင်ကော... ကြည့်လို့ မရတဲ့လူ

 များနေတုန်းပဲလား....



Credit#

< Zawgyi Version >

သင္ၾကည့္လိုု႔ မရတဲ့လူ ရိွပါသလား၊ ကြ်န္ေတာ္ကေတာ့ “ ရိွပါတယ္”

လိုု႔ ေျဖမွာပဲ၊ သူသူကိုုယ္ကိုုယ္ ၾကည့္လိုု႔မရတဲ့သူ ေတာ့ ရိွတတ္ပါတယ္။



အဲဒီေတာ့ ၾကည့္လိုု႔မရတဲ့လူ မ်ားပါသလား၊ ကိုုယ့္အတြင္းစိတ္ကေန

 ေျဖဆိုုၾကည့္ပါ။ တကယ္လိုု႔ “ မ်ားပါတယ္၊ အရမ္းမ်ားတယ္” လိုု႔ ေျဖဆိုုခဲ့ရင္....

သင္ တစ္ခုုခုုေတာ့..မွားယြင္းေနပါၿပီ။



ကြ်န္ေတာ္ စကားတစ္ခြန္းကိုု သေဘာက်မိပါတယ္။ “ သူမ်ားကြ်န္ေတာ့္ကိုု

 ေလးစားတာဟာ.. ကြ်န္ေတာ္ ထူးခြ်န္လိုု႔ မဟုုတ္ပါ။ သူမ်ား ထူးခြ်န္

လိုု႔ ေလးစားတတ္ျခင္းျဖစ္ပါတယ္”တဲ့



ဟုုတ္ပါတယ္၊ ထူးခြ်န္တဲ့သူမ်ားဟာ သူမ်ားကိုုေလးစားတတ္ပါတယ္။

လူတိုုင္း သူ႔အရည္အခ်င္းနဲ႔ သူရိွတယ္ဆိုုတာ.. သူတိုု႔ ေကာင္းစြာ နားလည္ထားလိုု႔ပါ။



သူမ်ားကိုုေလးစားတတ္တယ္။ သူမ်ားရဲ႕ အားသာခ်က္ကိုု အားက်တတ္တယ္။

ဒါဟာ စိတ္ဓါတ္ျပည့္၀ျခင္းရဲ႕ လကၡဏာ တစ္ခုု ျဖစ္တယ္။ လူတစ္ဦး ရင့္က်က္တယ္

 မရင့္က်က္ဘူးဆိုုတာ အသက္အရြယ္နဲ႔ မသက္ဆိုုင္ပါဘူး သူရဲ႕ စိတ္ေနစိတ္ထားနဲ႔သာ

 သက္ဆိုုင္ပါတယ္၊ စိတ္ကိုုေကာင္းေကာင္း ထားတတ္သြားၿပီဆိုုရင္..

ဘယ္သူ႔ကိုုမဆိုု ၾကည့္လိုု႔ ရတယ္။ ၾကည့္လိုု႔ေျဖာင့္တယ္။



ၾကည့္လိုု႔မရဘူးဆိုုတာ ေသးသိမ္ျခင္းတစ္မ်ဳိးပါ။ ကြ်န္ေတာ္ငယ္ငယ္တုုန္းက

 ေနခဲ့တဲ့ ၿမိဳ႕ကေလးတစ္ၿမဳိ႕ မွာပါ။ တစ္ေန႔က်ေတာ့ လူငယ္ေတြ ပြဲခင္းထဲမွာ

 အႀကီးအက်ယ္ ရန္ျဖစ္ၾကတယ္။ ေနာက္ဆံုုးေတာ့ ေဆးရံုုေရာက္တဲ့လူေတြ

 ရိွတယ္။ ရဲစခန္း ေရာက္တဲ့လူေတြလည္း ရိွတယ္။ အဲေလာက္ထိ

 နာက်င္ေလာက္ေအာင္ ဘာလိုု႔ ရန္ျဖစ္တာလဲလိုု႔ ေမးၾကည့္ေတာ့

 “ ၾကည့္လိုု႔ မရလိုု႔ ပါ” လိုု႔ ဆိုုပါတယ္။ “ အခ်င္းခ်င္း ပြဲခင္းမွာ ေတြ႔တယ္။

ဘယ္လိုုၾကည့္ၾကည့္ ၾကည့္လိုု႔ကိုု မရဘူး” ဆိုုပဲ၊ အဲဒါနဲ႔ ခုုိက္ရန္ ျဖစ္ၾကပါသတဲ့ဗ်ာ...



လူတစ္ခ်ဳိ႕ ရိွပါတယ္။ ေတြ႔တဲ႔ လူတိုုင္းကိုု သူတိုု႔ေပတံနဲ႔ တိုုင္းေတာ့ပါပဲ၊

သူတိုု႔ေပတံထဲ၀င္ရင္ အမွန္အေကာင္း၊ သူတိုု႔ေပတံထဲ မ၀င္ခဲ့ရင္

 အမွားအဆိုုးေပါ႔၊ စိတ္ထဲမွာျဖစ္ျဖစ္၊ လူမႈကြန္ယက္မွာ အခြင့္ႀကံဳခဲ့ရင္ျဖစ္ျဖစ္၊

ဆဲၾကပါေတာ့တယ္။ ဒါေပမဲ့ သူတိုု႔ မသိတာတစ္ခုုက သူမ်ားက သူတိုု႔အႀကိဳက္ကိုု

 လိုုက္ေဆာင္ဖိုု႔ တာ၀န္မရိွဘူးေလ၊ ဥပေဒကိုု မခ်ဳိးေဖာက္ဘူး၊ အမ်ားအက်ဳိးကိုု

 မထိခုုိက္ဘူး အဲဒါ လူေကာင္းပဲေလ..



ကိုုယ့္ကိုုယ္ကိုု အဟုုတ္ထင္ေနတဲ့ လူမ်ားဟာ၊ ေနရာတိုုင္းမွာ ဂ်ီးမ်ားၾကတယ္။

 စိတ္သေဘာ ေသးသိမ္တဲ့သူမ်ားဟာ ၊ ေနရာတိုုင္းမွာ တြက္ကပ္ၾကတယ္။

အျမင္တိုုတိုု ၾကည့္တတ္သူမ်ားဟာ၊ ေနရာတိုုင္းကိုု အျပစ္တင္ၾကတယ္။

ဘ၀င္ျမင့္တဲ့သူမ်ားဟာ၊ ပတ္သက္သမ်ွကိုု အထက္စီးခ်င္ၾကတယ္။



အဆံုုးမွာေတာ့...သူမ်ားကိုု ၾကည့္လိုု႔မရတာဟာ ကိုုယ္တိုုင္ကိုုယ္က ပံုုမလာလိုု႔ပါ။

သေဘာထားမျပည့္ဘူး၊ အျမင္မက်ယ္ဘူး ၿပီးေတာ့ အေတြးအေခၚ မရင့္က်က္ဘူး၊



တကယ္ျပည့္၀ရင့္က်က္တဲ့လူတစ္ဦးဟာ ကိုုယ္ဆႏၵအတိုုင္း သူတစ္ပါးကိုု ပဲ႔မကိုုင္တတ္သလိုု

 ကိုုယ့္အတြက္ေၾကာင့္လည္း သူမ်ားကိုု စိတ္မသက္သာရာ မျဖစ္ေစပါဘူး၊

နိဗၺာန္သြားဖိုု႔ေတာင္မွ မဂၢင္ ၈ ပါး ရိွေသးတယ္။ ရိုုးရိုုးရွင္းရွင္း သူတစ္ဦးအဖိုု႔

ကိုုယ္လမ္းကိုုယ္သြားဖိုု႔ ေရြးခ်ယ္စရာ လမ္းေၾကာင္းေတြ အမ်ားႀကီးပါ။ သူမ်ားလမ္း

သူမ်ားေအးေအးသြားပါေစ၊ ကိုုယ့္ဖာသာကိုုယ္ ၾကည္မရရင္၊ ဘာလဲ၊ အရပ္ထဲမွာ

 စကားတစ္ခြန္းရိွပါတယ္။ “ လဲေသလိုုက္” တဲ့



ကြ်န္ေတာ္နားလည္ထားတာ တစ္ခုုေျပာပါရေစ၊ တရားက်င့္တယ္ဆိုုတာ ကိုုယ့္ဘ၀ကိုု

 ျပဳျပင္တဲ့ခရီးတစ္ခုုပါ။ စိတ္ေနစိတ္ထားက်င့္တယ္၊ အျပဳအမူက်င့္တယ္၊

အေနအထိုုင္က်င့္တယ္၊ အၾကားအျမင္လည္း က်င့္ရပါတယ္။



အဲဒီေတာ့.... ေကာင္းတာေဆာင္မယ္၊ မေကာင္းတာ ေရွာင္မယ္၊ စိတ္ကိုု ရွင္းရွင္းထားမယ္။

 ဓမၼဓိ႒ာန္က်ေအာင္ ရူ႕ျမင္တတ္မယ္။ နိမ့္ခ်တဲ့ စိတ္ထား ေမြးျမဴမယ္။ ျပစ္တင္ျခင္းထက္

ခြင့္လြတ္ျခင္းကိုု ဦးစားေပးမယ္။ တယူသန္စိတ္ကိုု လြတ္ခ်မယ္။



စိတ္ေျဖာင့္သြားၿပီဆိုုရင္၊ မ်က္စိေျဖာင့္သြားပါၿပီ၊ အဲဒီအဆင့္ကိုုေရာက္ရင္၊ လူတိုုင္းကိုု

 ၾကည့္လိုု႔ရသြားပါၿပီ။ စိတ္ထဲမွာ ရူ႕ခင္းရိွေနမွေတာ့၊ ေလာကႀကီးတစ္ခုုလံုုး

လွပေကာင္းမြန္ျခင္းနဲ႔ ျပည့္စံုုသြားပါၿပီ။ သင္ေကာ... ၾကည့္လုုိ႔ မရတဲ့လူ

 မ်ားေနတုုန္းပဲလား....




Credit#

Comments