- Get link
- X
- Other Apps
စမတ္ဖုန္း မ်က္ႏွာျပင္ေတြဟာတျဖည္းျဖည္း ၾကီးမားက်ယ္ျပန္႕လာေပမယ့္ လူသံုးနည္းေနေသးသလို
ေသးငယ္ၿပီးစမတ္က်က်ကိုင္လို႔ရတဲ့ မ်က္ႏွာျပင္ေသးတဲ့ဖုန္းေတြက ယေန႔ထိတိုင္လူႀကိဳက္မ်ားတဲ့စာရင္း
ထဲမွာပါဝင္ေနပါေသးတယ္။ Screen ေသးတဲ့ဖုန္းေတြ အျမင္က်ဥ္းေျမာင္းတဲ့ဖုန္းေတြကို ေန႕
စဥ္အခ်ိန္မ်ားစြာအသံုးျပဳတဲ့ခါ ေရရွည္မွာသင့္ရဲ႕မ်က္လံုးကိုမ်ားစြာထိခိုက္ေစပါတယ္။
အခုေဖာ္ျပမယ့္နည္းလမ္းေလးေတြကေတာ့ လြယ္ကူရိုးရွင္းၿပီးသင့္ရဲ႕မ်က္လံုးက်န္းမာေရးအတြက္
မ်ားစြာအေထာက္အကူျဖစ္ေစမယ့္နည္းလမ္း ၆မ်ိဳးပဲျဖစ္ပါတယ္။
#1 အလင္းမျပန္တဲ့ Anti-Glare Screen Protector မ်ိဳးကိုအသံုးျပဳပါ။ ယခုေနာက္ပိုင္းထြက္တဲ့
အလတ္တန္း ဒါမွမဟုတ္ တန္ဖိုးျမင့္စမတ္ဖုန္းေတြေတာ္ေတာ္မ်ားမ်ားမွာေတာ့ အလင္းမျပန္တဲ့
Display မ်ိဳးကိုထည့္သြင္းအသံုးျပဳေပးလာၾကပါတယ္။ အကယ္၍မ်ားသင့္ရဲ႕ဖုန္းဟာ အဲ့လို
မ်က္ႏွာျပင္အမ်ိဳးအစားမဟုတ္ပဲ အရမ္းအလင္းျပန္ေနတယ္ဆိုရင္ေတာ့ ေရရွည္အတြက္တစ္ခုခု
လုပ္ဖို႔စဥ္းစားသင့္ပါၿပီ။ ဒီျပႆနာကိုေျဖရွင္းရမယ့္နည္းလမ္းကေတာ့ အလင္းမျပန္တဲ့
Screen Protector ( မွန္ကပ္ ) မ်ိဳးကိုတပ္ထားေပးသင့္ပါတယ္။ ေစ်းကြက္မွာရွာရမလြယ္ကူရင္ေတာင္
အြန္လိုင္းမွာသီးသန္႔ရွာၿပီးဝယ္ယူတာမ်ိဳးေတြလုပ္ထားသင့္ပါတယ္။ အကယ္၍ ဝယ္ယူဖို႔မလြယ္ကူ
ဘူးဆိုရင္ေတာ့ Bluelight Filter for Eye Care ဆိုတဲ့ Application ကိုအသံုးျပဳၿပီးအေတာ္အသင့္
ကာကြယ္ႏိုင္မွာျဖစ္ပါတယ္။ ဒီမွာ Download ရယူႏိုင္ပါတယ္။
#2 ကြန္ပ်ဴတာ (သို႔) ဖုန္းၾကည့္ေနတဲ့အခ်ိန္မွာ
မၾကာခဏ မ်က္ေတာင္ခတ္ေပးပါ။ အေၾကာင္းအရာတစ္ခုကို ကိုယ္စိတ္ဝင္တစားၾကည့္ေနတဲ့အခါမွာ
မ်က္ေတာင္မခတ္ပဲၾကည့္တဲ့အခ်ိန္ က ပိုမ်ားေနပါတယ္။ မ်က္ေတာင္ခတ္ဖို႔ေတာင္ေမ့ေနတတ္တာမ်ိဳးေပါ့။
ဖန္သားမ်က္ႏွာျပင္ကို မ်က္ေတာင္မခတ္ပဲအခ်ိန္ၾကာၾကာၾကည့္ေနမယ္ဆိုရင္ေတာ့
မ်က္လံုးမ်ားစပ္လာတာ နီရဲလာတာ နဲ႔ မ်က္ရည္ပူေတြက်လာတာမ်ိဳးေတြျဖစ္လာပါလိမ့္မယ္။
ဒီလိုေတြျဖစ္လာရင္ေတာ့ ေရရွည္မွာသင့္မ်က္လံုးအတြက္မေကာင္းေတာ့ပါဘူး ။ သတိထားၿပီး
မ်က္ေတာင္ခတ္ေပးပါ။ ကြန္ပ်ဴတာ ဒါမွမဟုတ္ ဖုန္းမ်က္ႏွာျပင္ကို အခ်ိန္ျပည့္ၾကည့္မေနပဲ
နာရီဝက္တစ္ခါေလာက္ အျမင္လႊဲၿပီးၾကည့္ပါ ၊ လမ္းထေလွ်ာက္ေပးပါ။ ေနာက္တစ္နည္းကေတာ့
မ်က္ႏွာကိုေရထဲမွာစိမ္ၿပီး မ်က္လံုးကိုဖြင့္လိုက္ပိတ္လိုက္ လုပ္ေပးပါ။
#3 20/20/20 နည္းလမ္းကိုက်င့္သံုးပါ။
လုပ္ငန္းခြင္မွာကြန္ပ်ဴတာကိုအခ်ိန္အၾကာႀကီးအသုံးျပဳရတယ္ဆိုရင္ ဒီနည္းလမ္းကို မျဖစ္မေနအသံုးျပဳသင့္ပါတယ္။
20/20/20 ဆုိတာကေတာ့ ေမာ္နီတာမ်က္ႏွာျပင္ ကို မိနစ္၂၀ၾကည့္ၿပီးရင္ ခဏနားပါ ေပ၂၀
အကြာအေဝးရွိမယ့္ျမင္ကြင္းကို အနည္းဆံုး စကၠန္႔ ၂၀ၾကည့္ေပးပါ။ တစ္ကယ္လို႔ ေမာ္နီတာ
ကိုၾကည့္တဲ့အခ်ိန္ဟာ မိနစ္ေလးဆယ္ ဒါမွမဟုတ္ မိနစ္ငါးဆယ္ေလာက္ၾကာခဲ့မယ္ဆိုရင္ေတာ့
မ်က္လံုးကို ၁၀ မိနစ္ဒါမွမဟုတ္ ၁၅ မိနစ္ေလာက္ အနားျပန္ေပးသင့္ပါတယ္။
#4 မ်က္ႏွာျပင္ Brightness ၊ Contrast နဲ႔ Text size တို႔ကိုခ်ိန္ညွိပါ။ Screen မ်က္ႏွာျပင္ဟာအရမ္းလင္းေနတဲ့အခါ
မ်က္စိကိုထိခိုက္ေစႏိုင္သလို မွိန္လြန္းရင္လည္း အားစိုက္ထုတ္မႈအမ်ားႀကီးလုပ္ရပါတယ္။
ဒါေၾကာင့္မ်က္ႏွာျပင္ Display ကို သင့္ေတာ္ေအာင္သတိျပဳၿပီးခ်ိန္ညွိသင့္ပါတယ္။ Brightness
အတိုးအေလွ်ာ့လုပ္ရာမွာ ပတ္ဝန္းက်င္ရဲ႕အလင္းအေမွာင္ေပၚအမ်ားႀကီးမူတည္ေသးတာေၾကာင့္အေျခအေနနဲ႔
အခ်ိန္အခါအေပၚ လိုက္ေလွ်ာညီေထြေအာင္ဂရုစိုက္ဖို႕လည္းလိုပါမယ္။ Contrast ( ရုပ္ထြက္ )
ကလည္းအရမ္းမ်ားေနမယ္ဆိုရင္ အေရာင္ေတြ လိုတာထက္ပိုၿပီးေတာက္ေနတာမ်ိဳး ၊
မဲေနတာမ်ိဳးေတြျဖစ္တဲ့အတြက္အျမင္အာရံုကိုထိခိုက္ေစပါတယ္။ မ်ားေသာအားျဖင့္ေတာ့
Contrast ကိုအထူးတလည္ခ်ိန္ညွိေနစရာမလိုပဲ Default အတိုင္းထားထားေပးရင္အဆင္ေျပပါတယ္။
Text Size (စာလံုးဆိုဒ္) ဆိုတာကေတာ့ ဖုန္းမွာပါတဲ့ စာလံုးေတြ အႀကီးအေသးေျပာင္းလဲတာပဲျဖစ္ပါတယ္။
စမတ္ဖုန္းသံုးသူအမ်ားစုဟာ စာဖတ္တဲ့အလုပ္ကိုအမ်ားဆံုးလုပ္ၾကတာျဖစ္တဲ့အတြက္ မိမိအျမင္နဲ႔သင့္ေတာ္မယ့္
စာလံုးဆိုဒ္ကို ေရြးခ်ယ္သင့္ပါတယ္။ ဒီလိုခ်ိန္ညွိတာမ်ိဳးေတြကိုလုပ္ဖို႔အတြက္ Play store မွာ
Adjust Brightness လို႔ရိုက္ၿပီးသင့္ေတာ္မယ့္ App ေတြကိုေရြးခ်ယ္အသံုးျပဳလို႔ရပါတယ္။
#5 မ်က္ႏွာျပင္ Screen ကိုသန္႔ရွင္းေနေအာင္ထားပါ။ ဖုန္းရဲ႕မ်က္ႏွာျပင္ကို လက္နဲ႔ထိေတြ႔အသံုးျပဳတာ
မ်ားေနတယ္ဆိုရင္ လက္ကအဆီေတြ ၊ ေခြ်းနဲ႔ဖုန္ေတြေရာၿပီး အဆီေဝ့ေနမွာျဖစ္ပါတယ္။ဒီလိုေတြျဖစ္
လာရင္ေတာ့ ျမင္ကြင္းမရွင္းလင္းေတာ့ပဲ မ်က္လံုးအျမင္အာရံုကိုသာမက စိတ္ကိုပါ
အေႏွာင့္အယွက္ျဖစ္စပါတယ္။ ဒါေၾကာင့္ ဖုန္းရဲ႔မ်က္ႏွာျပင္ကိုအျမဲၾကင္လင္သန္႔ရွင္းေနေအာင္ထားပါ။
မွန္ကပ္ေတြမေကာင္းေတာ့ရင္လည္း လဲေပးပါ။
#6 မွန္ကန္တဲ့အကြာအေဝးမွအသံုးျပဳပါ။ သင့္ရဲ႕မ်က္လံုးေတြက လက္မခံခ်င္ဆံုးျမင္ကြင္းမ်ိဳးကေတာ့ဖုန္းမ်
က္ႏွာျပင္ကို လိုတာထက္ပိုၿပီးနီးနီးကပ္ကပ္ထားၾကည့္ျခင္းပဲျဖစ္ပါတယ္။သင့္အေနန႔ဲလည္း
ဖုန္းမ်က္ႏွာျပင္ကို သင္နဲ႔အနီးဆံုးကပ္ၾကည့္တာဟာ သင့္အတြက္အေကာင္းဆံုးနဲ႔ အဆင္အေျပဆံုး
လို႔ထင္ေကာင္းထင္ေနႏိုင္ပါတယ္။ ဒီအခ်က္ကေတာ့သင့္အတြက္အႀကီးမားဆံုးမွားယြင္းတဲ့ဆံုးျဖတ္
ခ်က္တစ္ခုသာျဖစ္ၿပီး သင့္မ်က္လံုးကို ႏွိပ္စက္ရာေရာက္လြန္းပါတယ္။ဖုန္းကိုသင့္မ်က္လံုးကေန
အကြာအေဝး ၆လက္မကေန ၈လက္မ အတြင္းထားၿပီးအသံုးျပဳမယ္ဆိုရင္ေတာ့ အသင့္ေတာ္ဆံုး
အေနအထားတစ္ခုျဖစ္ပါလိမ့္မယ္။ အခုေဖာ္ျပခဲ့တဲ့နည္းလမ္းေတြကေတာ့ ဖုန္းပဲၾကည့္ၾကည့္
ကြန္ပ်ဴတာပဲသံုးသံုး သိထားသင့္သလို တစ္ကယ္လည္းလိုက္နာဖို႔လိုအပ္တဲ့နည္းလမ္းေလးေတြပဲျဖစ္ပါတယ္။
Akhayar ရဲ႕ပရိတ္သတ္ႀကီးေရာ ဒီနည္းလမ္းေတြထဲက အသံုးျပဳေနတဲ့နည္းလမ္းေတြရွိေနၿပီလား ။
သူငယ္ခ်င္းေတြထဲမွာ ဒီလိုသံုးေနတဲ့သူေတြရွိရင္ေခၚၿပီးသတိေပးလိုက္ပါဦး Ref;maketecheasier
Phone Hay Ko ( Akhayar ) Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္
အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ
စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း
ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊
ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။
သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊
အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက
ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး
ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။
Credit#
< Unicode Version >
စမတ်ဖုန်း မျက်နှာပြင်တွေဟာတဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပေမယ့် လူသုံးနည်းနေသေးသလိုသေးငယ်ပြီးစမတ်ကျကျကိုင်လို့ရတဲ့ မျက်နှာပြင်သေးတဲ့ဖုန်းတွေက ယနေ့ထိတိုင်လူကြိုက်များတဲ့စာရင်း
ထဲမှာပါဝင်နေပါသေးတယ်။ Screen သေးတဲ့ဖုန်းတွေ အမြင်ကျဉ်းမြောင်းတဲ့ဖုန်းတွေကို နေ့
စဉ်အချိန်များစွာအသုံးပြုတဲ့ခါ ရေရှည်မှာသင့်ရဲ့မျက်လုံးကိုများစွာထိခိုက်စေပါတယ်။
အခုဖော်ပြမယ့်နည်းလမ်းလေးတွေကတော့ လွယ်ကူရိုးရှင်းပြီးသင့်ရဲ့မျက်လုံးကျန်းမာရေးအတွက်
များစွာအထောက်အကူဖြစ်စေမယ့်နည်းလမ်း ၆မျိုးပဲဖြစ်ပါတယ်။
#1 အလင်းမပြန်တဲ့ Anti-Glare Screen Protector မျိုးကိုအသုံးပြုပါ။ ယခုနောက်ပိုင်းထွက်တဲ့
အလတ်တန်း ဒါမှမဟုတ် တန်ဖိုးမြင့်စမတ်ဖုန်းတွေတော်တော်များများမှာတော့ အလင်းမပြန်တဲ့
Display မျိုးကိုထည့်သွင်းအသုံးပြုပေးလာကြပါတယ်။ အကယ်၍များသင့်ရဲ့ဖုန်းဟာ အဲ့လို
မျက်နှာပြင်အမျိုးအစားမဟုတ်ပဲ အရမ်းအလင်းပြန်နေတယ်ဆိုရင်တော့ ရေရှည်အတွက်တစ်ခုခု
လုပ်ဖို့စဉ်းစားသင့်ပါပြီ။ ဒီပြဿနာကိုဖြေရှင်းရမယ့်နည်းလမ်းကတော့ အလင်းမပြန်တဲ့
Screen Protector ( မှန်ကပ် ) မျိုးကိုတပ်ထားပေးသင့်ပါတယ်။ ဈေးကွက်မှာရှာရမလွယ်ကူရင်တောင်
အွန်လိုင်းမှာသီးသန့်ရှာပြီးဝယ်ယူတာမျိုးတွေလုပ်ထားသင့်ပါတယ်။ အကယ်၍ ဝယ်ယူဖို့မလွယ်ကူ
ဘူးဆိုရင်တော့ Bluelight Filter for Eye Care ဆိုတဲ့ Application ကိုအသုံးပြုပြီးအတော်အသင့်
ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒီမှာ Download ရယူနိုင်ပါတယ်။
#2 ကွန်ပျူတာ (သို့) ဖုန်းကြည့်နေတဲ့အချိန်မှာ
မကြာခဏ မျက်တောင်ခတ်ပေးပါ။ အကြောင်းအရာတစ်ခုကို ကိုယ်စိတ်ဝင်တစားကြည့်နေတဲ့အခါမှာ
မျက်တောင်မခတ်ပဲကြည့်တဲ့အချိန် က ပိုများနေပါတယ်။ မျက်တောင်ခတ်ဖို့တောင်မေ့နေတတ်တာမျိုးပေါ့။
ဖန်သားမျက်နှာပြင်ကို မျက်တောင်မခတ်ပဲအချိန်ကြာကြာကြည့်နေမယ်ဆိုရင်တော့
မျက်လုံးများစပ်လာတာ နီရဲလာတာ နဲ့ မျက်ရည်ပူတွေကျလာတာမျိုးတွေဖြစ်လာပါလိမ့်မယ်။
ဒီလိုတွေဖြစ်လာရင်တော့ ရေရှည်မှာသင့်မျက်လုံးအတွက်မကောင်းတော့ပါဘူး ။ သတိထားပြီး
မျက်တောင်ခတ်ပေးပါ။ ကွန်ပျူတာ ဒါမှမဟုတ် ဖုန်းမျက်နှာပြင်ကို အချိန်ပြည့်ကြည့်မနေပဲ
နာရီဝက်တစ်ခါလောက် အမြင်လွှဲပြီးကြည့်ပါ ၊ လမ်းထလျှောက်ပေးပါ။ နောက်တစ်နည်းကတော့
မျက်နှာကိုရေထဲမှာစိမ်ပြီး မျက်လုံးကိုဖွင့်လိုက်ပိတ်လိုက် လုပ်ပေးပါ။
#3 20/20/20 နည်းလမ်းကိုကျင့်သုံးပါ။
လုပ်ငန်းခွင်မှာကွန်ပျူတာကိုအချိန်အကြာကြီးအသုံးပြုရတယ်ဆိုရင် ဒီနည်းလမ်းကို မဖြစ်မနေအသုံးပြုသင့်ပါတယ်။
20/20/20 ဆိုတာကတော့ မော်နီတာမျက်နှာပြင် ကို မိနစ်၂၀ကြည့်ပြီးရင် ခဏနားပါ ပေ၂၀
အကွာအဝေးရှိမယ့်မြင်ကွင်းကို အနည်းဆုံး စက္ကန့် ၂၀ကြည့်ပေးပါ။ တစ်ကယ်လို့ မော်နီတာ
ကိုကြည့်တဲ့အချိန်ဟာ မိနစ်လေးဆယ် ဒါမှမဟုတ် မိနစ်ငါးဆယ်လောက်ကြာခဲ့မယ်ဆိုရင်တော့
မျက်လုံးကို ၁၀ မိနစ်ဒါမှမဟုတ် ၁၅ မိနစ်လောက် အနားပြန်ပေးသင့်ပါတယ်။
#4 မျက်နှာပြင် Brightness ၊ Contrast နဲ့ Text size တို့ကိုချိန်ညှိပါ။ Screen မျက်နှာပြင်ဟာအရမ်းလင်းနေတဲ့အခါ
မျက်စိကိုထိခိုက်စေနိုင်သလို မှိန်လွန်းရင်လည်း အားစိုက်ထုတ်မှုအများကြီးလုပ်ရပါတယ်။
ဒါကြောင့်မျက်နှာပြင် Display ကို သင့်တော်အောင်သတိပြုပြီးချိန်ညှိသင့်ပါတယ်။ Brightness
အတိုးအလျှော့လုပ်ရာမှာ ပတ်ဝန်းကျင်ရဲ့အလင်းအမှောင်ပေါ်အများကြီးမူတည်သေးတာကြောင့်အခြေအနေနဲ့
အချိန်အခါအပေါ် လိုက်လျှောညီထွေအောင်ဂရုစိုက်ဖို့လည်းလိုပါမယ်။ Contrast ( ရုပ်ထွက် )
ကလည်းအရမ်းများနေမယ်ဆိုရင် အရောင်တွေ လိုတာထက်ပိုပြီးတောက်နေတာမျိုး ၊
မဲနေတာမျိုးတွေဖြစ်တဲ့အတွက်အမြင်အာရုံကိုထိခိုက်စေပါတယ်။ များသောအားဖြင့်တော့
Contrast ကိုအထူးတလည်ချိန်ညှိနေစရာမလိုပဲ Default အတိုင်းထားထားပေးရင်အဆင်ပြေပါတယ်။
Text Size (စာလုံးဆိုဒ်) ဆိုတာကတော့ ဖုန်းမှာပါတဲ့ စာလုံးတွေ အကြီးအသေးပြောင်းလဲတာပဲဖြစ်ပါတယ်။
စမတ်ဖုန်းသုံးသူအများစုဟာ စာဖတ်တဲ့အလုပ်ကိုအများဆုံးလုပ်ကြတာဖြစ်တဲ့အတွက် မိမိအမြင်နဲ့သင့်တော်မယ့်
စာလုံးဆိုဒ်ကို ရွေးချယ်သင့်ပါတယ်။ ဒီလိုချိန်ညှိတာမျိုးတွေကိုလုပ်ဖို့အတွက် Play store မှာ
Adjust Brightness လို့ရိုက်ပြီးသင့်တော်မယ့် App တွေကိုရွေးချယ်အသုံးပြုလို့ရပါတယ်။
#5 မျက်နှာပြင် Screen ကိုသန့်ရှင်းနေအောင်ထားပါ။ ဖုန်းရဲ့မျက်နှာပြင်ကို လက်နဲ့ထိတွေ့အသုံးပြုတာ
များနေတယ်ဆိုရင် လက်ကအဆီတွေ ၊ ချွေးနဲ့ဖုန်တွေရောပြီး အဆီဝေ့နေမှာဖြစ်ပါတယ်။ဒီလိုတွေဖြစ်
လာရင်တော့ မြင်ကွင်းမရှင်းလင်းတော့ပဲ မျက်လုံးအမြင်အာရုံကိုသာမက စိတ်ကိုပါ
အနှောင့်အယှက်ဖြစ်စပါတယ်။ ဒါကြောင့် ဖုန်းရဲ့မျက်နှာပြင်ကိုအမြဲကြင်လင်သန့်ရှင်းနေအောင်ထားပါ။
မှန်ကပ်တွေမကောင်းတော့ရင်လည်း လဲပေးပါ။
#6 မှန်ကန်တဲ့အကွာအဝေးမှအသုံးပြုပါ။ သင့်ရဲ့မျက်လုံးတွေက လက်မခံချင်ဆုံးမြင်ကွင်းမျိုးကတော့ဖုန်းမျ
က်နှာပြင်ကို လိုတာထက်ပိုပြီးနီးနီးကပ်ကပ်ထားကြည့်ခြင်းပဲဖြစ်ပါတယ်။သင့်အနေနဲ့လည်း
ဖုန်းမျက်နှာပြင်ကို သင်နဲ့အနီးဆုံးကပ်ကြည့်တာဟာ သင့်အတွက်အကောင်းဆုံးနဲ့ အဆင်အပြေဆုံး
လို့ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒီအချက်ကတော့သင့်အတွက်အကြီးမားဆုံးမှားယွင်းတဲ့ဆုံးဖြတ်
ချက်တစ်ခုသာဖြစ်ပြီး သင့်မျက်လုံးကို နှိပ်စက်ရာရောက်လွန်းပါတယ်။ဖုန်းကိုသင့်မျက်လုံးကနေ
အကွာအဝေး ၆လက်မကနေ ၈လက်မ အတွင်းထားပြီးအသုံးပြုမယ်ဆိုရင်တော့ အသင့်တော်ဆုံး
အနေအထားတစ်ခုဖြစ်ပါလိမ့်မယ်။ အခုဖော်ပြခဲ့တဲ့နည်းလမ်းတွေကတော့ ဖုန်းပဲကြည့်ကြည့်
ကွန်ပျူတာပဲသုံးသုံး သိထားသင့်သလို တစ်ကယ်လည်းလိုက်နာဖို့လိုအပ်တဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
Akhayar ရဲ့ပရိတ်သတ်ကြီးရော ဒီနည်းလမ်းတွေထဲက အသုံးပြုနေတဲ့နည်းလမ်းတွေရှိနေပြီလား ။
သူငယ်ချင်းတွေထဲမှာ ဒီလိုသုံးနေတဲ့သူတွေရှိရင်ခေါ်ပြီးသတိပေးလိုက်ပါဦး Ref;maketecheasier
Phone Hay Ko ( Akhayar ) Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင်
အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ
စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း
ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊
ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။
သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊
အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက
ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး
ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
Credit#
- Get link
- X
- Other Apps
Comments
Post a Comment